ဒီနှစ် Christmas မှာတော့ ဓါတ်ပုံရိုက်ချင်နေတဲ့စိတ်တွေအားသန်နေတာနဲ့ Las Vegas နဲ့ Grand Canyon ဘက်ခရီးထွက်ပြီး ရှုခင်းတွေ သွားရိုက်ဖြစ်ခဲ့ပါတယ်
Dec 25th (Christams Day) နေ့လည်မှာ စထွက်ခွာလာခဲ့တာ အဲ့ဒိညနေပိုင်းမှာ လောင်းကစားဝိုင်းတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ Las Vegas ဆိုတဲ့ မြို့ကြီးကိုရောက်ရှိခဲ့ပါတယ်
တနေ့လုံးကားစီးလာခဲ့ပြီး ပင်ပန်းနေတာနဲ့ ညဘက်မှ အပြင်ထွက်ပြီး လမ်းမပေါ်လျှောက်သွား ဓတ်ပုံတွေရိုက်နေရင်းနဲ့ မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့တဲ့ Aria ဆိုတဲ့ Casino အသစ်ကြီးကိုရောက်ရှိခဲ့ချိန်မှာ ခေတ်မှီဆန်းပြားတဲ့ ဗိသုကာ ပညာရပ်တွေကို အငမ်းမရမှတ်တမ်းတင်ရင်း မိုးလင်းသွားခဲ့တာနဲ့ တည်းခိုရာ Hotel ကိုပြန်ရောက်ရောက်ချင်း ကမန်းကတမ်း အိပ်လိုက်ရပါတော့တယ်
Dec 26th, 2009
Dec 26th မနက် မှာတော့ အိပ်ယာထနောက်ကျနေတာနဲ့ Las Vegas မှာ လုံးဝလည်ပါတ်ချိန်မရှိတော့ဘဲ နာမည်ကြီးလှတဲ့ Hoover Dam ကိုတန်းအသွား လမ်းမှာကားတွေအရမ်းကြပ်နေတာနဲ့ စိတ်ညစ်ခဲ့ရပါသေးတယ်
Hoover Dam မှာ စိတ်ကြိုက် ဓါတ်ပုံတွေရိုက်အပြီးမှာတော့ Arizona State မှာရှိတဲ့ Grand Canyon ဆိုတဲ့ သဘာဝ တောင်တန်းကြီးတွေကို ချက်ခြင်းထွက်ခွာခဲ့ကြပေမယ့် တော်တော်နောက်ကျသွားတဲ့အတွက် ရောက်ပြီးမှ Tour Bus တွေကဒီနေ့ထပ်မသွားတော့ဘူးဆိုလို့ တင်းပြီးလှည့်ပြန်ခဲ့ရပါတယ်
အဲ့ဒိညကတော့ စိတ်ပျက်ပျက်နဲ့ အိပ်ရေးကောင်းကောင်းဝတဲ့ညပေါ့နော်