Home ဓါတ်ပုံ သမိုင်းသက်သေ
သမိုင်းသက်သေ
ဆရာတော် ဦးဥတ္တမ ပျံလွန်ခြင်း နှစ် ၇၀ ပြည့် PDF Print E-mail
ဓါတ်ပုံ - သမိုင်းသက်သေ
Written by မျိုးချစ်   
Thursday, 10 September 2009 02:51

 
အတိတ်ကမြန်မာမိသားစုများ ရဲ့လူနေမှူဘ၀ပုံရိပ်ဟောင်းများ PDF Print E-mail
ဓါတ်ပုံ - သမိုင်းသက်သေ
Written by မျိုးချစ်   
Thursday, 20 August 2009 09:37

့ပုံ၁ ။ တောလက်ကျေးရွာမှာ ရှေးယခင်က ကြိမ်လုံးလေးတွေဖြင့် ကလေးပုခက်လေးတွေ လုပ်တတ်ကြပါသည်။ ထိုပုခက်လေးများကို ကြမ်းပြင်ပေါ်မှာတင်လျင်တင်၊ မတင်ချင်သည့်အခါ   အိမ်ထုတ်တန်းမှာ ဆွဲပြီး လွှဲလေ့ရှိပါသည်။

ပုံ၂ ။ချမ်းသာသည့်လူတန်းစားအများစုကတော့ ကလေးပုခတ်ကို ကြိမ်ဖြင့် မယက်တော့ဘဲ လက်သမားဆရာကို စိတ်ကြိုက်မှာပြီး ကနှုတ်ပန်းဖြင့် ပြီးသော သစ်သားပုခတ်ကို ပြုလုပ်လေ့ရှိပါသည်။ တခြို့ကလေးပုခက်တွေမှာ မှန်စီရွှေချလေးများတောင် ပါကောင်းပါပါလိမ့်မည်။

ပုံ၃ ။ကလေးလေးတွေ ဆော့ကစားတတ်သည့်အချိန်မှာတော့ မိဘများက ရွှံ့ဖြင့်လုပ်သော နွားရုပ် ကျွဲရုပ်များ၊ စက္ကူဖြင့်ပုံဖော်ထားသော ဇီးကွက်၊ ပစ်တိုင်းထောင်ရုပ်များ ၀ယ်ပေးတတ်ကြသည်။ အထက်ကပုံမှာတော့ ကလေးလေးများ ဆော့ဖို့ လှည်းသေးသေးလေး တစ်ခုပါ။ တစ်ယောက်ကို တစ်ယောက်တင်ပြီး ဆွဲလို့ရပါသည်။ ကျွန်တော်တို့ငယ်ငယ်က အုန်းလက်ကို တစ်ယောက်ကထိုင်ပြီး နောက်တစ်ယောက်ကဆွဲရသည့် ဆော့ကစားနည်းလိုပေါ့။

ပုံ၎ ။မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ သနပ်ခါးလိမ်း အလှပြင် တရုတ်စက္ကူနီများဖြင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးတတ်ကြပြန်သည်။ တရုတ်စက္ကူနီ မရှိလျင် ကွမ်းစားပြီး နှုတ်ခမ်းကို ရဲနေအောင် ပြင်တတ်ကြ၏။

ပုံ၅ ။အမျိုးသမီးတစ်ယောက် အရွယ်ရောက်လာလျှင် အိမ်သုံးဖို့အတွက် သောက်ရေ သုံးရေ ခပ်ကြရသည်။ ရှေးယခင်အမျိုးသမီးတို့ ရေခပ်ဆင်းသည့်အခါ အပေါ်အကျီင်္မပါ။ ထမီရေလျားဖြင့် ရေအိုးရွက်ကြသည်။

ပုံ၆ ။အထက်က ပုံကတော့ အတော့်လေးကို ထူးခြား၏။ အမျိုးသမီးတစ်ယောက် ရေခပ်ဆင်းရာတွင် ထမီကို ခါးအထိသာ ၀တ်ထားပြီး အပေါ်ဗလာကျင်းနေသည့်ပုံဖြစ်သည်။ ဓါတ်ပုံဆရာအလိုကျလား ဒါမှမဟုတ် တချို့ရပ်ရွာတွေမှာ ထိုဓလေ့ရှိတတ်ကြသလား။ စဉ်းစားစရာပင်။

ပုံ၇ ။ရေခပ်ဆင်းပြီးသည့်အခါ ရေများကို အိုးငယ်လေးများဖြင့် ထည့်ပြီး သောက်ရေအတွက် သီးသန့်ဖယ်တတ်ကြသည်။

ပုံ၈ ။အိမ်ရှေ့မှာပဲဖြစ်ဖြစ်၊ အရိပ်ရသော အပင်အောက်မှာပဲ ဖြစ်ဖြစ် ခရီးသွားများအတွက် သောက်ရေဒါနပြုတတ်ကြတာ မြန်မာ့အစဉ်အလာတစ်ခုပင်ဖြစ်သည်။

ပုံ၉ ။မိန်းကလေးများက အိမ်မှာ နေလျှင်လည်း ချည်ယက်ကြရသည်။ ဓါတ်ပုံထဲကမိန်းကလေးတစ်ဦးသည် ပိုးထမီကို ၀တ်ထားပြီး အပေါ်အကျီင်္ကို ၀တ်ဆင်ထားခြင်း မရှိပါ။ ကျေးလက်နေ မိန်းမပျိုလေးများ၏ ဗလာထမီသည် နန်းတွင်းသူလေးများထက် တိုကြသည်။

ပုံ၁၀ ။တခါတရံ အခုလို အလုပ်ရှုပ်နေသည့်အခါမျိုးမှာ ကိုလူပျိုတစ်ချို့ ရစ်သီရစ်သီ လာလုပ်တတ်ကြပါသေးသည်။

ပုံ၁၁ ။၁၈၉၀၀န်းကျင်က မီးဖိုချောင်အထားအသိုပင် ဖြစ်သည်။ ယခုကျေးလက်များတွင် ယခုလိုပဲ တွေ့နိုင်သေးသည်။ နှစ်ပေါင်း၂၀၀ကျော်သော်လည်း ဘာမှ မပြောင်းလဲသေး။

ပုံ၁၂ ။ချမ်းသာသည့် မိသားစုတစ်စု၏ စားသောက်ဝိုင်းလေးပင်ဖြစ်သည်။ ကနှုတ်တွေဖြင့် တန်ဆာဆင်ထားသော စားပွဲခုံပုလေးတွင် ဟင်းခွက်များကို တင်ထားပြီး ထမင်းပုကန်များကို ကြမ်းပေါ်ချ၍စားကြသည်။

ပုံ၁၃ ။ဆင်းရဲသည့် ကျေးလက်နေတောသူတောင်သာများကတော့ ဒေါင်းလန်းကြီးပေါ်မှာပဲ ထမင်းရော ဟင်းရောပုံပြီး လက်ရည်တပြင်တည်း စားသောက်ကြသည်။ တချို့ဒေါင်းလန်းများမှာ ဟသာင်္ပြဒါး၊ သို့မဟုတ် ဒေါင်းရုပ်ခံသည့် ခြေထောက်များရှိတတ်ကြပါသည်။

ပုံ၁၄ ။အိမ်သို့သက်ကြီး အဖိုးအဖွားများ အလည်လာလျှင်ပဲ ဖြစ်ဖြစ် ဆွေမျိုးသားရင်းများ အလည်လာလျင်ပဲဖြစ်ဖြစ် ငယ်ရွယ်သူများက လက်ဖက် ကွမ်းဆေးဖြင့် ဧည့်ဝတ်ပြုကြရပါသည်။

ပုံ၁၅ ။သက်ကြီးရွယ်အိုအများစုက အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် ခြံထဲမှာပဲဖြစ်ဖြစ် လက်ဖက်လေးစားလိုက် ကွမ်းလေးမြုံ့လိုက်ဖြင့် စကားဖောင်ဖွဲ့လေ့ရှိတတ်ကြသည်။ ပညာလိုချင်သော လူငယ်များက အနီးအပါးကနေ လာနားဆင်လေ့ ရှိကြပြန်သည်။ သက်ကြီးစကား သက်ငယ်ကြားဆိုတာ ဒီကနေစတယ်လို့ ထင်မိပါ၏။

ကျမ်းကိုး။
၁။ ၁၈၅၅-၂၉၂၅ သမိုင်းဝင်ပုံရိပ်များ၊ လေ့လာသူတစ်ဦး
၂။
Mandalay and other cities of the past Burma ၊V.C.scott o’connor
1987 white lotus co., ltd.
၃။ Burma၊ Max. and Bertha ferrars, AVA publishing house 1901

မိတ်ဆွေတစ်ဦးပေးပို့လာသောမေးလ်အားတဆင့်ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ 

 

 
21st Anniversary Of 8888 Uprising In Burma PDF Print E-mail
ဓါတ်ပုံ - သမိုင်းသက်သေ
Written by မျိုးချစ်   
Wednesday, 05 August 2009 01:27

မြန်မာနိုင်ငံပြည်သူတို့သည် အသက်၊သွေး၊ ချွေးများစွာစတေးကာ နယ်ချဲ့နှင့်ဖက်ဆစ်စနစ်တို့ကို တိုက်ပွဲဝင်၍လွတ်လပ်ရေးကိုရယူခဲ့သည်။ တိုင်းတပါးကျွန်ဘ၀မှလွတ်မြောက်ပြီးလွတ်လပ်ရေး၏ အနှစ်သာရကို ခံစားခွင့်မရမီ စစ်အုပ်စုက နိုင်ငံ၏အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ မြန်မာလူထုသည် စစ်အာဏာရှင်တို့အား တိုင်းရင်းသား လက်နတ်ကိုင်တော်လှန်ရေးများ၊ ကျောင်းသား၊ အလုပ်သမား၊ တောင်သူလယ်သမားစသည့် အလွှာအသီးသီးတို့၏ လှုပ်ရှားမှုများ၊ မှိုင်းရာပြည့်နှင့် ဦးသန့်အရေးအခင်းကဲ့သို့ အချိန်အခါသင့်တိုက်ပွဲများ စသည့် သဏ္ဌာန်မျိုးစုံဖြင့် တလျှောက်လုံးဆန့်ကျင်ခဲ့သည်။ ဤသို့ဖြင့် ခေတ်ကာလ အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ခဲ့ရာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင်ကား….
လွန်ခဲ့သည့် (၂၁)နှစ် သြဂုတ်လ၌ မြန်မာနိုင်ငံတ၀န်းလုံးတွင်အုပ်စိုးမှု ဆန့်ကျင်သည့် လူထုအရေးတော်ပုံကြီးများဖြင့် မြန်မာ့သမိုင်းအား ရေးထိုးခဲ့ကြသည်။ လူထုသမိုင်းဖြစ်သည်။ ဖိနှိပ်သူအားတော်လှန်သည့် လူထုတိုက်ပွဲဖြစ်သည်။ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်သည်။ ကျောင်းသားများကစသည်… အလုပ်သမားတို့ပါလာသည်… လယ်သမားများပါလာသည်… ရဟန်းသံဃာများလည်း မနေသာ ပါဝင်လာကြသည်… လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင်လာကြသည်… အိမ်ရှင်မများလည်းမနေသာ စကောများ၊ ငရုတ်ကျဉ်ပွေ့များကိုင်၍ပါခဲ့ကြသည်… နောက်ဆုံး… ဖိနှိပ်အုပ်စိုးသူ၏ ဖိနှိပ်ရေးကိရိယာများဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာခဲ့ကြသည်… မြန်မာ့သမိုင်း၌ ဂုဏ်ရောင်ပြောင်သည့်ကြီးမားသော တိုက်ပွဲကြီးဖြစ်သည်…။ မြန်မာ့သမိုင်းတွင် ကမ္ဘာတည်သရွေ့ ဥဒါဉ်းတွင်နေမည့် လူထုအရေးတော်ပုံကြီးဖြစ်သည်…။ မဆလသည် ရပ်၊ကျေးမှ နိုင်ငံတော်ကောင်စီအထိ အုပ်ချုပ်ရေးအားချထားခဲ့သည်.. တပ်အား လက်ကိုင်ဒုတ်အဖြစ် တည်ဆောက်သည်.. ဖိနှိပ်ရေးယန္တရားများအား ချဲ့သည်… ဤသို့ (၂၆)နှစ် ခိုင်မြဲခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအား ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီတံခါးအား တွန်းဖွင့်နိုင်ခဲ့ကြသည်… (၂၁)နှစ်ကြာခဲ့ပါပြီ… သမိုင်းသည် ခါးသက်လှပေသည် အာဏာရှင်တို့သည် သူရဲကောင်းအထောင်အသောင်းတို့ရဲ့ အသက်သွေးတို့ဖြင့် အဆုံးသတ်ပစ်ခဲ့သည်… မမေ့…. နှလုံးသားအတွင်း စွဲနှစ်၍နေဆဲ… အသွေးအသားထဲတွင် စီးမျော၍နေဆဲ… လမ်းမများထက် သွေးတို့ကား မခြောက်သေး… ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့၏ အရိုးများ တွန်သံပို၍ကျယ်လောင်လာသလိုခံစားမိပါသည်….။
တော်လှန်ရေးတို့မည်သည် လူထုတိုက်ပွဲဖြင့် အဆုံးသတ်ရပေသည်။ အမှန်တရားသည် အချိန်ကြာတတ်သော်လည်းနောက်ဆုံးတွင် အနိုင်ရစမြဲဖြစ်သည်။ သမိုင်းသည် ကျွန်ုပ်တို့၏ နောက်ဆုံးတိုက်ပွဲအား ငံ့လင့်လျှက်ရှိသည်။ စေ့စပ်၍မရသော လက်တစ်ဆုပ်စာစစ်အာဏာရှင်တို့၏ နိဂုံးကမွတ် အဆုံးသတ်ချိန်သည် လွန်စွာနီးကပ်လာပြီ… ရှစ်လေးလုံးအရေးတောင်ပုံကြီးသည် သမိုင်းဝင်အောင်ပွဲ တစိတ်တဒေသကို ရယူပေးခဲ့ပြီးဖြစ်သည်… သို့ဖြင့်ရာ ရှစ်လေးလုံးအရေးတော်ပုံ၏ စိတ်ဓါတ်ကို ကိုင်စွဲလျက် ဒီမိုကရေစီအောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရမည့်တာဝန်မှာ ကျွန်ုပ်တို့ပခုံးထက်တွင်ရှိနေသော သမိုင်းပေးတာဝန်ကြီးဖြစ်သည်။


ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်ရေးစပ်ခဲ့သော အာဇာနည်များမှ အာဇာနည်များသို့ သ၀ဏ်လွှာ ကဗျာဖတ်ရှုလိုလျှင်... http://pyaesonelay.blogspot.com/2008/08/blog-post.html

ဒီမိုကရေစီအရေး တိုက်ပွဲအဆက်ဆက်ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ်လျှက်
ပြည့်စုံ

Last Updated ( Wednesday, 05 August 2009 11:31 )
 
The historic people's prime minister of Burma PDF Print E-mail
ဓါတ်ပုံ - သမိုင်းသက်သေ
Written by မျိုးချစ်   
Monday, 23 March 2009 00:03
U Nu (1907-1995) was the first prime minister of independent Burma, after freedom was obtained in 1948 from British colonial rule.

 
<< Start < Prev 1 2 Next > End >>

Page 1 of 2

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မျိုးချစ်၏သီချင်းများ

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ