• Narrow screen resolution
  • Wide screen resolution
  • Wide screen resolution
  • Increase font size
  • Decrease font size
  • Default font size
OOPS. Your Flash player is missing or outdated.Click here to update your player so you can see this content.
Home စာပေ နိုင်ငံရေး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်ဆောင်းပါး
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ခြင်း (၃၅) နှစ်ပြည့် အထိမ်းအမှတ်ဆောင်းပါး PDF Print E-mail
User Rating: / 0
PoorBest 
စာပေ - နိုင်ငံရေး
Written by မျိုးချစ်   
Thursday, 26 November 2009 06:12

ဦးသန့်အရေးအခင်း

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်္ဘာလ ၂၅ ရက်နေ့ အမေရိကန်နိုင်ငံ န ယူးယောက်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ဦးသန့်၏ ရုပ်ကလာပ်ကို ကြီးကျယ် ခမ်းနားစွာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်းစုံမှကိုယ်စားလှယ်များနှင့် နောက်ဆုံးဂါဝရပြုလုပ်၍ ဦးသန့်၏ မိသားစုဆန္ဒအရ မိခင်တိုင်းပြည် မြန်မာနိုင်ငံတွင် ဦးသန့် ရုပ်ကလာပ်ကို သင်္ဂြိုဟ်ရန် အစီစဉ်များကို ပြုလုပ်ပါ သည်။

ဦးသန့်ကွယ်လွန်ကြောင်း သိလိုက်ရတဲ့အတွက် မျိုးချစ်စိတ်ရှိတဲ့ မြန်မာတမျိုးသားလုံး ယူကျုံးမရ ၀မ်းနည်း ကြေကွဲခြင်းဖြစ်ကြပါသည်။ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကို ဆောင်ခဲ့တဲ့ ဦးသန့်၊ အာရှတိုက်သား ဦးသန့် သည် ကမ္ဘာ၏ အကြီးမားဆုံးသော တာဝန်ဝတ္တရားရှိသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် မြန်မာတဦးဖြစ်ပါသည်။

ထိုအချိန်က ကျနော်သည် ရန်ကုန်စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား၊ အင်ဂျင်နီယာဘွဲ့နှင့် လက်တ ကမ်းအလို နောက်ဆုံးနှစ်ဝက်တွင် ရောက်ရှိနေပါသည်။ မှားတဲ့နေရာနှင့် မှားတဲ့အချိန်မှာ ကျနော်ရောက်ရှိနေ သည်ဟု ဆိုရပေမည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ ဦးသန့်ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပါသည်။ နေ၀င်းစစ်အ စိုးရသည် ပြီးစလွယ်သဘောဖြင့် ဦးသန့်ရုပ်ကလာပ်ကို မြင်းပြိုင်ကွင်းဟောင်း ကျိုက္ကဆံကွင်း တနေရာတွင် မဏ္ဍပ်ငယ်တခုသာ ဆောက်ပေးပြီး ကြက်ခြေနီအသင်းဝင်လူငယ်များနှင့်သာ အစောင့်ချထားပါသည်။ ဒီဇင် ဘာလ ၅ ရက်နေ့၊ နေ့လည် (၁) နာရီတွင် ကြံတောသင်းချိုင်းသို့ ပို့ဆောင်သင်္ဂြိုလ်မည်ဟု ပြည်သူလူထုကို ကြေညာခဲ့ပါသည်။ (ဆက်ဖတ်ရန်)

နိုင်ငံတော်ဈာပနအဖြစ် တခမ်းတနား ဂုဏ်ပြုသင်္ဂြိုလ်လိမ့်မည်ဟု ယူဆနေသည့် ပြည်သူလူထုသည် နေ၀င်း စစ်အစိုးရ၏ လျစ်လျူရှုခြင်း၊ ဦးသန့်၏ ဂုဏ်သိက္ခာကိုမှမထောက်၊ လုပ်ရက်လေခြင်းရယ်လို့ ပြည်သူကြားဝယ် တဆင့်စကား ပြန့်နှံ့လို့ မကျေနပ်၊ ၀မ်းနည်းဒေါသများ ပေါက်ကွဲစေခဲ့ပါသည်။

တချိန်တည်းတွင် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားတို့သည် ဈာပနကော်မတီများ ဖွဲ့စည်းပြီး ဈာပန လိုက်ပါပို့ဆောင်၊ နောက်ဆုံးဂါဝရပြုလုပ်ရန် စီစဉ်ကြပါသည်။ ပထမအစီစဉ်အရ ဘတ်စ်ကားများငှားပြီး ကျိုက္ကဆံကွင်းမှာ စုရုံးရန် ကျောင်းသားကိုယ်စားလှယ်များ ဘတ်စ်ကားများ သွားငှားပါသည်။ ဘတ်စ်ကားအဖွဲ့ အစည်းများကို သက်ဆိုင်ရာမှ ကျောင်းသားများကို မငှားရဘူးလို့ တားမြစ်ထားပါသည်။ ဘတ်စ်ကားငှားရမ်း လို့မရသောကြောင့် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများ ရန်ကုန်ဝိဇ္စာနှင့်သိပ္ပံတက္ကသိုလ်တွင်စုရုံးပြီး ကျိုက္က ဆံကွင်းသို့ ခြေလျင်ဖြင့်ချီတက်ဖို့ အစီစဉ်ပြောင်းလိုက်ရပါသည်။

ဈာပနအခမ်းအနားနေ့၊ ကျနော်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများသည် ရရာဒေါ့ဂျစ်ကားများကိုငှားပြီး ရန်ကုန်ဝိဇ္စာနှင့် သိပ္ပံတက္ကသိုလ်စုရပ်သို့ သွားရောက်ကြပါသည်။ ကျနော်တို့ ဒေါ့ဂျစ်ကားများ ၀ိဇ္စာနှင့်သိပ္ပံ တက္ကသိုလ်နယ်မြေကိုဝင်သည်နှင့် အရင်ရောက်နှင့်နေသည့် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားတွေ က လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ကြိုဆိုမှုဟာ ကျနော်တို့ရဲ့ရင်ထဲတွင် တမျိုးတမည် ခံစားရပါသည်။

နေ၀င်းဦးဆောင်သော စစ်အစိုးရသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် မြန်မာပြည်လွတ်လပ်ရေးမော် ကွန်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဗုံးခွဲဖျက်ဆီးပြီး ရာပေါင်းများစွာသော ကျောင်းသားစုစည်း မှုကို လက်နက်အားကိုးဖြင့် သတ်ဖြတ်ချိုးနှိမ်ခဲ့သည့် (၁၂) နှစ်ကျော်ကာလ ဤနေ့ဒီဇင်ဘာလ (၅) ရက်နေ့ တွင် ပထမဦးဆုံး ထောင်ပေါင်းများစွာသော ကျောင်းသားများ ပြန်လည်သွေးစည်း ညီညွတ်စုရုံးမိကြခြင်းဖြစ်ပါ သည်။

ယဉ်ကျေးသော ကျောင်းသူကျောင်းသားများဖြစ်ကြ၍ စည်းကမ်းရှိကြပါသည်။ သုံးယောက်တတွဲ တက္ကသိုလ် အလိုက် စီတန်းနေရာယူပြီး ရန်ကုန်စက်မှုတက္ကသိုလ်မှ ကားတစီး၊ ၀ိဇ္စာနှင့်သိပ္ပံတက္ကသိုလ်မှ ကားတစီး၊ အသံ ချဲ့စက်များနှင့် “ကျနော်တို့ကျောင်းသားထုသည် ငြိမ်းချမ်းရေးဗိသုကာကြီး ဦးသန့်၏ နောက်ဆုံးခရီးသို့ လိုက် ပါပို့ဆောင်ရန်နှင့် နောက်ဆုံးဂါဝရပြုလုပ်ရန် စည်းကမ်းတကျ ချီတက်လာကြောင်း ကြေညာပါသည်” လမ်းခ ရီးတလျှောက်မှာလည်း ကျေနပ်ခြင်းအပြုံးနဲ့ လူအုပ်ကြီးများက ကြိုဆိုကြသည်သာမက သောက်ရေများ၊ ဖီး ကြမ်းငှက်ပျောသီးများ ဝေငှပေးခြင်းဖြင့် ခြေလျင်လျှောက်လာသော ကျောင်းသားများကို အမောပြေစေပါ သည်။

ဦးသန့်ရုပ်ကလာပ်ထားရှိသည့် ကျိုက္ကဆံကွင်းသည် ဦးသန့်ကို နောက်ဆုံးဂါဝရပြုရန် ရောက်ရှိနေသော လူ အုပ်ကြီးနှင့် ပြည့်လျှံနေပါသည်။ ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်အတွင်းတွင်လည်း ဦးသန့်မိသားစု၊ ဆွေမျိုးမိတ် ဆွေများနှင့် သက်ဆိုင်ရာလူကြီးများက နေရာယူထားပါသည်။ မျိုးချစ်စိတ်ရှိသောလူငယ်များ၊ ဂုဏ်ပြုထိုက် သူကို ဂုဏ်ပြုရမည်ဟု အသိရှိသည့် လူငယ်တက္ကသိုလ်ကျောင်းသားထုကြီး စနစ်တကျ၊ ကျိုက္ကဆံကွင်းအ တွင်းသို့ ၀င်ရောက်သောအခါ မိဘပြည်သူလူထုတရပ်လုံး၏ လက်ခုပ်သံများသည် မိုးခြိမ်းသံကဲ့သို့ ကွင်းပြင် တခုလုံး ဖုံးလွှမ်းသွားပါတော့သည်။ ပွဲကြည့်စင်များတွင် မိဘပြည်သူတို့နှင့် ပြည့်လျှံနေ၍ ကျောင်းသားထုတ ရပ်လုံးသည် ဦးသန့်ရုပ်ကလာပ်ထားရှိရာ မဏ္ဍပ်၏ အရှေ့ဘက်ကွင်းပြင်တွင် နေရာယူရလေသည်။

မွန်းလွဲချိန်ဖြစ်၍ ပူပြင်းလှသည့် အပူရှိန်အောက်တွင် “ဘာကြောင့်များ ဦးသန့်၏ ဈာပနကို ပြီးစလွယ် စီစဉ်ရ သနည်း” ဆိုသည့် မေးခွန်းသည် ပြည်သူကျောင်းသားတို့၏ ရင်ကိုပူလောင်စေခဲ့သည်သာမက မကျေနပ်ခြင်း ဆိုသည့် ခံစားချက်ကို ကျောင်းသားပြည်သူတို့ရင်ထဲမှာ ခံစားလိုက်ရပါသည်။ ဤတွင် ကျောင်းသားထု၏လှုပ် ရှားမှုသည် စတင်လာပါတော့သည်။ လော်စပီကာကနေ ကျောင်းသားများကို လှုံ့ဆော်စည်းရုံးလာပါတော့ သည်။ “ငြိမ်းချမ်းရေးဖခင်ကြီး ဦးသန့်အတွက် ဂူဗိမာန်ရရှိရေး၊ ဒို့အရေး၊ ဒို့အရေး” ဟူသည့် ကြွေးကြော်သံနှင့် အတူ ကျောင်းသားများ လှုပ်လှုပ်ရွရွ ဖြစ်လာပါတော့သည်။

ကျောင်းသားကိုယ်စားလှယ်များ အရေးပေါ်စည်းဝေးပြီး နောက်ဆုံးငြိမ်းချမ်းရေးဖခင်ကြီး ဦးသန့်အား ထိုက် သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိုလ်ရန် ဆုံးဖြတ်ပါသည်။ “ပြီးစလွယ်တည်ဆောက်ထားသောမဏ္ဍပ်” “မြင်းပြိုင်ကွင်းဟောင်း” “ကြံတောသုသာန်” ဤအချက်တို့သည် အရုပ်ဆိုးလှပေသည်။ ထို့ကြောင့် ကျောင်း သားထုတရပ်လုံးက တက္ကသိုလ်နယ်မြေသို့ ပြန်လည်သယ်ဆောင်၍ ထိုက်သင့်သော ဈာပနအခမ်းနားနှင့် ငြိမ်းချမ်းရေးဂူဗိမာန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း ကြွေးကြော်ကြလေသည်။ တဆက်တည်းမှာပဲ မဆိုင် သူများ မဏ္ဍပ်တွင်းမှ ဖယ်ရှားပေးရန် ကျောင်းသားထုက ကြေညာလိုက်ပါသည်။ လျှပ်တပျက်အတွင်း အခြေ အနေများ ပြောင်းလဲသွားပါသည်။ မဏ္ဍပ်အတွင်းမှ ကြက်ခြေနီလူငယ်များ၊ ဦးသန့်ဆွေမျိုးနှင့် မိသားစုများ၊ သက်ဆိုင်ရာလူကြီးများ မဏ္ဍပ်အပြင်သို့ ထွက်ခွာသွားပါသည်။ မဏ္ဍပ်အတွင်းသို့ ကျောင်းသားများ ၀င်ရောက် နေရာယူထားလိုက်ပါသည်။

အသံချဲ့စက်မှ ကျောင်းသားကိုယ်စားလှယ်များက ၎င်းတို့သည် ဦးသန့်၏ ရုပ်ကလာပ်ကို တက္ကသိုလ်နယ်မြေ သို့ ပြန်လည်သယ်ဆောင်ပြီး ထိုက်သင့်သော ဈာပနအခမ်းအနားဖြင့် သင်္ဂြိုလ်၍ ဂူဗိမာန်ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း၊ ၎င်းအတွက် ဦးသန့်၏ မိသားစုနှင့် ဆွေမျိုးမိတ်ဆွေများဆီမှ ခွင့်တောင်းပါသည်။ ဦးသန့်၏ အစ် ကို ဦးခန့်ကို အသံချဲ့စက်ရှိရာသို့ ဖိတ်ခေါ်လိုက်ပါသည်။ အသံချဲ့စက်တပ်ဆင်ထားသည့် ဒေါ့ဂျစ်ကားအရှေ့ တပိုင်း၊ ကားစက်ထားရှိရာနေရာသည် ကျောင်းသားတို့၏ ယာယီစင်မြင့်သဖွယ် ဖြစ်သွားပြီး ကျောင်းသားအပါ အ၀င် လူအုပ်ကြီး၏ အာရုံသည် ထိုစင်မြင့်သို့ ရောက်နေကြသည်။ ဦးခန့် စင်မြင့်ပေါ်သို့ တက်ရောက်ပြီး ကျောင်းသားတို့အား စိတ်လိုက်မာန်ပါ မပြုလုပ်ရန်၊ အစိုးရနှင့်ဆန့်ကျင်ပြီး မပြုလုပ်ရန်၊ နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ဖို့ရန် တိုက်တွန်းပြောကြားသွားလေသည်။ အခြေအနေကို စောင့်ကြည့်နေသော လူထုကြီးနှင့် ကျောင်းသားထုတို့သည် အမြန်ဆုံး တက္ကသိုလ်နယ်မြေသို့ ဦးသန့်ရုပ်ကလာပ်ကို သယ်ဆောင်ရန် ကြွေးကြော် လာပါတော့သည်။

နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များ ဦးသန့်ရုပ်ကလာပ်ကို ပုခုံးပြောင်းသယ်ယူပြီး လွမ်းသူ့ပန်းခွေတင် ဆောင်ရာ တိုယိုတာပစ်ကပ်ကား ခေါင်မိုးပေါ်သို့ တင်ကြပါသည်။ ကျောင်းသားနှင့် သံဃာတော်များ ခြံရံ လျက် ထောင်ပေါင်းများစွာသော ကျောင်းသားထုကြီး၏ ချီတက်ရာလမ်းကြောင်းအတွင်းမှ ဦးသန့်ရုပ်ကလာပ် ကို လာရာလမ်းအတိုင်း တက္ကသိုလ်နယ်မြေသို့ ပြန်လည် သယ်ဆောင်သွားပါသည်။ လမ်းတလျောက်လုံးတွင် လည်း လူအုပ်ကြီးတွေနှင့် ပြည့်ကျပ်နေပြီး ကျောင်သားထုတို့၏ ကြွေးကြော်သံများသည် အရာရာကို ဖုံးလွှမ်း နေပါသည်။

တက္ကသိုလ်နယ်မြေ အဓိပတိလမ်းအတိုင်း ရုပ်ကလာပ်ကို သယ်ဆောင်ပြီး ဘွဲ့နှင်းသဘင်အဆောက်အဦးရှေ့ တွင် ယာယီစင်မြင့် ပြုလုပ်၍ ပြင်ဆင်ထားပါသည်။ တက္ကသိုလ်နယ်မြေတခုလုံးတွင် ကျောင်းသား၊ အရပ်သား၊ ရဟန်းသံဃာတော်များနှင့် ပြည့်လျှံနေပါသည်။ မကျေနပ်နိုင်သည့် ကျောင်းသားများ၏ ကြွေးကြော်သံများ ဆက်တိုက်ထွက်ပေါ်လာပါသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်၊ ၁၂ နှစ်လုံး သွေးစည်းမှုမရှိခဲ့သော ကျောင်းသားများ ဤနေ့တွင် ပြန်လည်စု ရုံးမိ၍ နေ၀င်းစစ်အစိုးရအား ကျောင်းသားထုက တန်ပြန်တိုက်ပွဲဝင်ရန် ဖန်တီးနေသည့် အသွင်ဆောင်နေပါ သည်။ နိုင်ငံရေးခံယူချက်ရှိသည့် တက္ကသိုလ်ကျောင်းသားများ၏ လှုပ်ရှားမှု တစခန်းထလာပါသည်။ ကျောင်း သားများကို နည်းအမျိုးမျိုးသုံးပြီး ဥပဒေအမျိုးမျိုးထုတ်၍ ထွက်ပေါက်မရှိအောင် နေ၀င်းစစ်အစိုးရသည် ဖိနှိပ် ချုပ်ချယ်ခဲ့သည်သာမက၊ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးဆိုသည့် နားထောင်လို့ ကောင်းသော ဝေါဟာရ များနှင့် ကျောင်းသားတို့အား မှိုင်းတိုက်ခဲ့ပါသည်။ အဖိနှိပ်ခံရသော ပြည်သူလူထုနှင့်ကျောင်းသားများ ယခု လက်ငင်းကိစ္စတွင် ထွက်ရပ်ပေါက်ကိုရှာသည်မှာ သဘာဝကျလှပေသည်။ နိုင်ငံရေးကြွေးကြော်သံများ အုံးအုံး ကြွက် ပေါက်ကွဲလာပါတော့သည်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဦးသန့်ရုပ်ကလာပ်ကို အာလုံးက ဂါဝရပြုကြပါသည်။ ထို့နောက် ဘွဲ့နှင်းသဘင် ခန်းမအတွင်းသို့ သံဃာတော်များခြံရံလျက် ဦးသန့်ရုပ်ကလာပ်ကို သယ်ဆောင်ပါသည်။ ဘွဲ့နှင်းသဘင်ခန်းမ ရှိ စင်မြင့်ပေါ်တွင် ဦးသန့်ရုပ်ကလာပ်ကိုထားပြီး အရေးပေါ်ဈာပနကော်မီတီ ဖွဲ့စည်းလိုက်ပါသည်။ ဘွဲ့နှင်းသ ဘင်ခန်းမအတွင်းနှင့် အနီးပတ်ဝန်းကျင် တက္ကသိုလ်နယ်မြေသည် လူအုပ်ကြီးဖြင့် ပြည့်လျှံနေပါသည်။ ဘွဲ့နှင်း သဘင်ခန်းမရှေ့ မြက်ခင်းပြင်တွင် ကျောင်းသားများနေရာယူထားပြီး ကားခေါင်မိုးပေါ်မှနေ၍ လက်တဖက် တွင် မိုက်ကရိုဖုံးကိုင်လျက် လက်သီးလက်မောင်းတန်းပြီး ကျောင်းသားတဦးချင်း တက်ရောက်ရင်ဖွင့်ကြပါ သည်။ ဘာကိုမှ ဂရုမစိုက်နိုင်ကြတော့ပါ။ ၁၂ နှစ် ကာလနီးပါး နှုတ်ပိတ်ရေငုံနေခဲ့ရသော ကျောင်းသားများ သည် မိမိတို့ရင်တွင်းမှ နိုင်ငံရေးခံစားချက်များကို ဟစ်အော်ကြွေးကြော်ပါတော့သည်။

“ပြောတော့ ဆိုရှယ်လစ်ဒီမိုကရေစီ၊ လုပ်တော့ တပါတီကောင်းစားရေး၊” အငတ်ဘေးဆိုက်နေသည့် ပြည်သူ လူထုကိုယ်စား ကျောင်းသားများက နေ၀င်းစစ်အစိုးရကို “အောက်ကိုလည်း ပြန်ကြည့်ပါဦး၊ ကားဝယ်တိုက် ဆောက်နှင့်သာ အချိန်ဖြုန်းမနေပါနှင့်” ဟု တဖုံ၊ အမျိုးမျိုးသော စကားလုံးများနှင့် လျှောက်လဲနေကြလေ သည်။ တက်ရောက်နားထောင်နေသော ကျောင်းသားထုနှင့် အရပ်သားတို့ လက်ခုပ်သံများ တဖျောင်းဖျောင်း နှင့် ထောက်ခံချီးမြှင့်နေကြလေသည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၆) ရက်။ ဦးသန့်ရုပ်ကလာပ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ထားရှိကြောင်း ကြားသိ၍ ရန်ကုန်ဆင်ခြေဖုံးမှ လူအများအပြား လာရောက်ဂါဝရပြုကြလေသည်။ ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်ရှိ အသံချဲ့ စက် စကားပြောခွက်နှင့် လွတ်လပ်စွာ စကား ပြောဆိုခွင့်ရှိသည်ဆိုသည့် ဒီမိုကရေစီစစ်စစ်ကို ကျောင်းသား များက သရုပ်ဖော်နေပါသည်။ ကျောင်းသားများ ရဲရင့်ပြောင်မြောက်စွာ တဦးချင်း စင်မြင့်ပေါ်သို့တက်ရောက် ၍ မိမိတို့၏ ခံစားချက်များကို ရင်ဖွင့်ကြပါတော့သည်။ ဘွဲ့နှင်းသဘင်ခန်းလုံးပြည့်ရှိ လူအုပ်ကြီးလက်ခုပ်သံများ နှင့် ထောက်ခံအားပေးကြပါသည်။ ယာယီဈာပနကော်မီတီမှ ကြေညာချက်တရပ် ထွက်ပေါ်လာပါသည်။ “ဦး သန့်၏ ဈာပနကို နေ၀င်းစစ်အစိုးရအနေနှင့် နိုင်ငံတော်ဈာပနအဖြစ် ပြုလုပ်ပေးရန် တောင်းဆိုသောစာကို နိုင် ငံတော်ကောင်စီသို့ ပို့လိုက်ပြီဖြစ်ကြောင်း၊ အကယ်၍ ယနေ့ညနေ (၄) နာရီတိတိအထိ ပြန်ကြားချက်တစုံတ ရာမျှ မရရှိပါက၊ ကျောင်းသားများသည် ပြည်သူလူထုအကူအညီနှင့် မိမိတို့ဖာသာ ဈာပနအခမ်းအနားပြုလုပ် ၍ ငြိမ်းချမ်းရေးအုတ်ဂူဗိမာန် တည်ဆောက်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါ သည်။ တချိန်တည်းမှာပင် အုံး အုံးကြွက်ကြွက်လက်ခုပ်သံများနှင့် ဘွဲ့နှင်းသဘင်ခန်းမတခုလုံးကို မိုးချုန်းသကဲ့သို့ ဖုံးလွမ်းသွားပါတော့သည်။
နာရီလက်သံတို့သည် တရွေ့ရွေ့လည်ပတ်နေပါသည်။ ကျောင်းသားနှင့် အရပ်သားကိုယ်စားလှယ်တို့ တဦး ချင်းအလှည့်ကျ စင်မြင့်ပေါ်သို့ တက်ရောက်မိန့်ခွန်းပြောကြပါသည်။ နုနယ်သော နှလုံးသားပိုင်ရှင် မိန်းခလေး များပင် သူတို့၏ ရင်ထဲမှထွက်လာသော စကားလုံးများသည် မိန်းမသားများနှင့်မှ မကိုက်ညီဘဲ၊ မာကျောပြတ် သားလှပေသည်။

လူတိုင်း နာရီတကြည့်ကြည့်နှင့် (၄) နာရီကို စောင့်မျှော်နေကြပါသည်။ နောက်တော့ (၄) နာရီသာ ထိုးသွား သော်လည်း နိုင်ငံတော်ကောင်စီမှ လုံးဝတုန့်ပြန်ဖြေကြားခြင်းမရှိသည့်အတွက်၊ ကျောင်းသား၊ အရပ်သား၊ သံ ဃာတော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်အရ ကျောင်းသားသမဂ္ဂအဆောက်အဦးဟောင်း (၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင်၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးသည် ကျောင်းသားများနှင့်အတူ နေ ၀င်းစစ်အစိုး၏ ဗုံးဒဏ်ထိမှန် ပြိုကွဲဖျက်ဆီးခြင်းခံခဲ့ရပါသည်) နေရာကို ရှင်းလင်းပြီး ဦးသန့်အတွက် အုတ်ဂူ တည်ဆောက်သင်္ဂြိုလ်မည်ဖြစ်ကြောင်း၊ ထိုတဆက်တည်းမှာပင် ငြိမ်းချမ်းရေးဂူဗိမာန်ကိုလည်း တည်ဆောက် မည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။

ဆုံးဖြတ်ချက်ချသည်နှင့် ကျောင်းသား၊ အရပ်သားများနှင့် သံဃာတော်များ သမဂ္ဂဟောင်းနေရာကို စတင်ရှင်း လင်း၍ ရန်ကုန်စက်မှုတက္ကသိုလ် ဗိသုကာဌာနနှင့် မြို့ပြဌာနမှ ကျောင်းသားများ တာဝန်ယူပုံဆွဲပြီး ဦးသန့် အုတ်ဂူနှင့် ယာယီဂူဗိမာန်ကို ဆောက်လုပ်ပါသည်။ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ၀ိဇ္စာနှင့်သိပ္ပံ တက္ကသိုလ်၊ ဆေးကျောင်းမှ တက္ကသိုလ်ကျောင်းသားများနှင့်အတူ အထက်တန်းနှင့် အလယ်တန်းကျောင်း ပေါင်းစုံတို့မှ ကျောင်းသားများလည်း ပါဝင်လုပ်အားပေးကြပါသည်။

၁၉၇၄ ခုနှစ် ဒီဇင်ဘာလ (၇) ရက်၊ ည (၇) နာရီအချိန်တွင် ကျောင်းသား၊ သံဃာနှင့် ဦးသန့်မိသားစုတို့သည် အရေးပေါ်အစည်းအဝေးကို မန္တလေးဆောင်တွင် ပြုလုပ်ပါသည်။ ထိုအစည်းဝေးတွင် အဖွဲ့ဝင် (၁၁) ဦးပါဝင် ပါသည်။ ဦးသန့်၏ ညီဦးသောင်းက ရန်ကုန်တိုင်းပြည်သူ့ကောင်စီက ထုတ်လိုက်သောစာကို ထုတ်ပြပါသည်။ ဦးသန့်ကိစ္စနှင့် ပတ်သက်၍ အုတ်ဂူတည်ဆောက်ရေးနှင့် ဂူဗိမာန်တည်ဆောက်ရန် ကန်တော်မင်ပန်းခြံတွင် နေရာပေးမည်ဖြစ်ကြောင်း၊ ကျောင်းသားများကိုလည်း အရေးယူဖမ်းဆီးမည် မဟုတ်ကောင်း ပါရှိလေသည်။ ဦးသောင်းအနေနှင့် ဦးသန့်ရုပ်ကလာပ်ကို အမြန်ဆုံးသင်္ဂြိုလ်ချင်ပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလ (၈) ရက်နေ့ (၁၂) နာရီအချိန်၌ သင်္ဂြိုလ်ရေးအစီစဉ်စတင်ရန် ကျောင်းသားကိုယ်စားလှယ်များအား ပြောကြားပါသည်။

ဒေါက်တာတင်မြင့်ဦး (ဦးသန့်၏ သားမက်) ကလည်း၊ မိမိကိုယ်တိုင် ပုံစံရေးဆွဲထားသော ဦးသန့်၏ အုတ်ဂူဗိ မာန်ကို ကန်တော်မင်ပန်းခြံတွင် ဆောက်လုပ်ပြီး သင်္ဂြိုလ်ရန်ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ကျောင်းသားနှင့် သံဃာ တော်များအား အမြန်ဆုံးစီစဉ်ရန် ပန်ကြားသွားလေသည်။ ဦးသန့်ဈာပနကိစ္စနှင့် ပတ်သက်၍ ကျောင်းသား ကိုယ်စားလှယ်များ၊ သံဃာတော်များ အပြန်အလှန်ဆွေးနွေးကြပြီး၊ အစည်းဝေး၏ ဆုံးဖြတ်ချက်ကို အများသ ဘောတူညီချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ တဦးချင်းဆန္ဒယူမည်ဖြစ်ကြောင်း၊ ထိုအစည်းဝေးတက်ရောက် သူအားလုံး သဘောတူညီလေသည်။ ပထမဦးဆုံး ဦးသန့်ရုပ်ကလာပ် သင်္ဂြိုလ်ရေးအစီစဉ်ကို ဒီဇင်ဘာလ ၈ ရက်နေ့၊ ၁၂ နာရီတိတိတွင် စတင်ရန် သဘောတူညီကြလေသည်။ ဆက်လက်၍ အောက်ပါအချက်နှစ်ချက် ကို ဆွေးနွေးပြီး ဆုံးဖြတ်မဲခွဲရပါမည်။

(၁) ဦးသန့်၏ ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမမှ ကျောင်းသားသမဂ္ဂနေရာ၊ ကျောင်းသားများဆောက်လုပ် ထားသော ဦးသန့်အုတ်ဂူပေါ်တွင်တင်၍ ဦးသန့်မိသားစုများ၊ ပြည်သူလူထု၊ ကျောင်းသား၊ သံဃာတော်များ နောက်ဆုံးဂါဝရပြုပြီး ကန်တော်မင်ပန်းခြံသို့ သယ်ဆောင်ရန်။

(၂) ဦးသန့်၏ ရုပ်ကလာပ်ကို ကျောင်းသားနှင့်ပြည်သူတို့၏ ချွေးနှင့်တည်ဆောက်နေသည့် ဦးသန့်အုတ်ဂူတွင် သင်္ဂြိုလ်ပြီး ဦးသန့်ဂူဗိမာန်ကို ကျောင်းသားများ အသက်နှင့်သွေး စတေးခဲ့သည့် ကျောင်းသားသမဂ္ဂနေရာတွင် တည်ဆောက်ရန်။

တဦးချင်းဆန္ဒယူလိုက်သောအခါ (၇) မဲ (၄) မဲနှင့် ပထမအချက်ကို သဘောတူညီကြပါသည်။ (၇) မဲထဲမှာ ဦး သောင်း၊ ဒေါက်တာတင်မြင့်ဦး၊ သံဃာတော်နှစ်ပါးနှင့် ကျန်ကျောင်းသားကိုယ်စားလှယ်သုံးဦး ပါဝင်ပါသည်။ (၄) မဲထဲမှာ ကျနော်တို့စက်မှုတက္ကသိုလ်မှ ကျောင်းသား (၃) ဦးနှင့် ဆေးတက္ကသိုလ်ကိုယ်စားပြု ဆေးကျောင်း သားတဦးအပါအ၀င် ကျောင်းသား (၄) ဦးသည် ဒုတိယအချက်ကို မဲပေးပါသည်။

ဤတွင် ဦးသန့်ရုပ်ကလာပ်ကို (၇) မဲ (၄) မဲနှင့်ဆုံးဖြတ်ပြီး ကန်တော်မင်ပန်းခြံတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်။ မြန်မာ့အသံလွှင့်ရုံ ရေဒီယိုမှလည်း ၈-၁၂-၁၉၇၄ ရက် ၁၂ နာရီအချိန်တွင် ဈာပနအခမ်းအနားစတင်မည်ဟု ကြေညာပါသည်။

ကျောင်းသားနှင့် သံဃာတို့သည် ကျောင်းသားထုနှင့် ပြည်သူလူထုကို ကိုယ်စားပြု၍၊ ဤအစည်းအဝေးသို့ တက်ရောက်လာခြင်း ဖြစ်ပါသည်။ မဲခွဲရာတွင် ကျောင်းသားနှင့် သံဃာတော်များ၏ ဆန္ဒများ ကွဲပြားခြားနားနေ ပါသည်။

အခြေအနေဖြစ်ရပ်အားလုံးကို ပြန်လည်စိစစ်သောအခါ၊ နေ၀င်းစစ်အစိုးရသည် ပြီးစလွယ် ဦးသန့် (ကမ္ဘာ့ကု လသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) ရုပ်ကလာပ်ကို ကြံတောသင်းချိုင်းတွင် သင်္ဂြိုလ်ရန် အစီအစဉ်ပြုလုပ်ပါ သည်။ ကျောင်းသားနှင့်ပြည်သူလူထုသည် မကျေနပ်နိုင်၍ လေးစားဂုဏ်ပြုထိုက်သော ဦးသန့်အား နိုင်ငံတော် ဈာပနအခမ်းအနား ပြုလုပ်ပေးရန် နေ၀င်းစစ်အစိုးရအား တောင်းဆိုခဲ့ပါသည်။ ပြည်သူလူထုနှင့် ကျောင်းသား တို့၏ တောင်းဆိုမှုကို တုံ့ပြန်မှုမရှိ၍၊ နောက်ဆုံး ကျောင်းသားတို့ အသက်သွေးနဲ့စတေးခဲ့သည့် ကျောင်းသား သမဂ္ဂဟောင်းနေရာတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိုလ်ပြီး အုတ်ဂူနှင့် ဂူဗိမာန် တည်ဆောက်ပါသည်။

သမဂ္ဂအဆောက်အဦးနေရာတွင် လုပ်အားပေးနေသော ပြည်သူကျောင်းသားများ၊ ဘွဲ့နှင်းသဘင်ခန်းမတွင်း ဦးသန့်ရုပ်ကလာပ်ကို စောင့်ရှောက်နေသော ပြည်သူကျောင်းသားများ၊ အဓိပတိလမ်းမပေါ်တွင် အလှူငွေ ကောက်ခံနေသော ပြည်သူကျောင်းသားများ၊ ဦးသန့်ရုပ်ကလပ်ကို နောက်ဆုံးလာရောက်ဂါဝရပြုကြသော ပြည်သူတရပ်လုံး၏ လိုအင်ဆန္ဒသည် စာကြည့်တိုက်အဆောက်ဦးနေရာမှ အုတ်ချပ်များကို တယောက်တ လက်နှင့် လက်ဆင့်ကမ်းသယ်ယူ တည်ဆောက်နေသည့် အုတ်ဂူတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိုလ်ပြီး ဆက် လက်၍ ဦးသန့်ဂူဗိမာန်ဆောက်တည်ရန် ဖြစ်ပါသည်။

“လူကလေးရယ်၊ အဖွားလည်း အုတ်တချပ်လောက် ၀င်သယ်ယူကုသိုလ်ပြုပါရစေ” ဆိုသည့် အဖွားတို့၏ အ သံနှင့်မမျှသည့် လုပ်အားဖြင့် ဦးသန့်အုတ်ဂူဆောက်ရာတွင် အဖွားအိုလည်း ပါဝင်လုပ်အားပေးခဲ့ပါသည်။ အုတ်ဂူနှင့်ဂူဗိမာန်တည်ဆောက်ရာတွင် လုပ်အားပေးနေကြသည့် ပြည်သူ၊ ရဟန်းသံဃာနှင့် ကျောင်းသားတို့ အတွက် ထမင်းထုပ်များကို ရပ်ကွက်များမှ လာရောက်လှူဒါန်းကြပါသည်။ ထမင်းထုပ်များတွင်လည်း “ငါ့ညီ တို့၊ မင်းတို့ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကို ငါတို့အားပေးတယ်။ လုပ်ငန်းပြီးဆုံးသည်ထိ ဆက်လက်လုပ်ဆောင်ပါ” ဆို သည့် စာရွက်ငယ်ကလေးများဖြင့် ပြည်သူလူထုဆန္ဒကို ပြောကြားနေပါသည်။ ထိုတွင်မက မကျေနပ်နိုင်သည့် ဥက္ကလာပရပ်ကွက်က ပြည်သူတို့သည် ကျောင်းသားပြည်သူအများအတွက် ထမင်းထုပ်အလှူခံသည့်အဖွဲ့ကို တားမြစ်သည့် ရဲစခန်းကို မီးရှိ့ဖျက်ဆီးလိုက်ပါသည်။

ဘွဲ့နှင်းသဘင်ခန်းမရှိ ဟစ်တိုင်မိုက်ကရိုဖုန်းမှလည်း ကျောင်းသူကလေးတဦး၏ ရင်ဖွင့်ချက်နိဂုံးချုပ်စကားလုံး များ (“ကျမ လက်ရှိနေ၀င်းစစ်အစိုးရ လုပ်ပုံကိုင်ပုံလေးတွေကို လွတ်လွတ်လပ်လပ် ဒီမိုကရေစီကျကျ ဝေဖန် ရတဲ့အတွက် များစွာမှ အားရကျေနပ်လှပါတယ်။ အခုလိုပြောလို့ ကျမကိုဖမ်းပြီး ထောင်ချရင်လည်း ကျမ ထောင်ထဲမှာနေရုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ထောင်ထဲမှာမှ ထမင်းလေး မှန်မှန်စားရမှာ”) ဒီ နုနယ်သော ကျောင်းသူကလေး ဖြစ်လင့်ကစား သူကလေး၏ ခံစားရမှုတို့သည် ပြင်းထန်လှပါသည်။

ရန်ကုန်ဝိဇ္စာသိပ္ပံတက္ကသိုလ် နယ်မြေတခုလုံးသည် ခြေချစရာမရှိ၊ ပြည်သူလူထုကြီးနှင့် ပြည့်လျှံနေပါသည်။ မန္တလေးဆောင် (၁၁) ဦး ဈာပနကော်မီတီ အစည်းဝေးပြီးသည်နှင့် ကျောင်းသားများ အုပ်စုကွဲသွားပါသည်။ စက်မှုတက္ကသိုလ်မှ ကျောင်းသားသုံးဦးသည် နောက်ထပ်ဆက်လက်၍ ဈာပနအစီစဉ်အစည်းအဝေးကို ကန့် ကွက်သည့်သဘောနှင့် ဆက်လက်မတက်ရောက်ကြတော့ဘဲ၊ အုတ်ဂူတည်ဆောက်ရာ ကျောင်းသားသမဂ္ဂ အဆောက်အဦးဟောင်းနေရာကို စက်မှုတက္ကသိုလ်၏ စုရပ်လို့ သတ်မှတ်လိုက်ပါသည်။ တယောက်တဆင့်၊ တယောက်နားဆိုသကဲ့သို့ ဦးသန့်၏ရုပ်ကလာပ်ကို ကျောင်းသားပြည်သူတို့ ချွေးနှင့်တည်ဆောက်သည့် အုတ် ဂူတွင် သင်္ဂြိုလ်ရန် ဆုံးဖြတ်လိုက်ပါသည်။ သမဂ္ဂဟောင်းဝန်းကျင်တခုလုံးကို စက်မှုတက္ကသိုလ်ကျောင်းသား များ နေရာယူစောင့်ကြပ်လိုက်ပါသည်။ ဦးသန့်ရုပ်ကလာပ်ကို အုတ်ဂူပေါ်တွင် နောက်ဆုံးဂါဝါရပြုပြီးပြီးခြင်း ဂူ ပိတ်သင်္ဂြိုလ်ရန် ဘိလပ်မြေ (Concrete cement mixture) နှင့် ပရံဆရာ (Mason) အဆင်သင့်ရှိရပါသည်။ တက်ညီလက်ညီ၊ တာဝန်ကိုယ်စီနှင့် ကျောင်းသားများ ညီညွတ်ကြပါသည်။

ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း ဦးသန့်ရုပ်ကလာပ်ကို အသက်သွေးနှင့် ကာကွယ်စောင့်ရှောက်မည့် အသေခံ (၁၂) ဦး ကျောင်းသားကျောင်းသူများ ခွပ်ဒေါင်းခေါင်းစီးနီများ ဦးထိပ်တွင်စီး၍ ခြံရံစောင့်ကြပ်နေကြပါသည်။

ဒီဇင်ဘာ (၈) ရက်၊ မွန်းတည့် ၁၂ နာရီ ၁၉၇၄ ခုနှစ်။

ဘွဲ့နှင်းသဘင်ခန်းမ၀န်းကျင်တခုလုံး၊ တက္ကသိုလ်နယ်မြေ အဓိပတိလမ်းတလျှောက်လုံးတွင် ဦးသန့်ရုပ်က လာပ်ကို နောက်ဆုံးလာရောက်ဂါရ၀ဂုဏ်ပြုကြသော ပြည်သူများနှင့် ပြည့်လျှံနေပါသည်။ ကျောင်းသားသမဂ္ဂ ဟောင်း ပတ်ဝန်းကျင်တခုလုံးကို စက်မှုတက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွဲမပြတ် စောင့်ကြပ် ထားပါသည်။

ဦးသန့်ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမမှ များပြားလှသည့် ကျောင်းသားထုကြားမှ ခဲရာခဲဆစ် ကျောင်းသား သမဂ္ဂနေရာဟောင်းသို့ သယ်ဆောင်လာရလေသည်။ သမဂ္ဂဟောင်းနေရာအုတ်ဂူနှင့် ယာယီဂူဗိမာန်တို့သည် တယောက်တလက်နဲ့ တည်ဆောက်ခဲ့ပါသည်။ ဦးသန့်ရုပ်ပုံပန်းချီကားချပ်သည် ဂုဏ်ရှိလှပါသည်။ အလံတော် သုံးခု လွှင့်ထူထားပါသည်။ ဗုဒ္ဓဘာသာအလံတော်၊ ကုလသမဂ္ဂအလံတော်နှင့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအ လံတော်တို့သည် အောင်ရမည်ဆိုသည့် အသွင်ဆောင်လျက် ကောင်းကင်ယံတွင် တလူလူလွင့် အလံတော် များ တင့်တယ်ထယ်ဝါ ပျံမြူးနေကြပါသည်။ တချိန်ကဤနေရာသည် ကျောင်းသားများစုစည်းရာ ကျောင်းသား သမဂ္ဂအဆောက်အဦးကြီး တည်ရှိခဲ့ပါသည်။ ဆရာကြီး ဦးသန့်သည် ကမ္ဘာတွင် မြန်မာပြည်သားတို့၏ ဂုဏ်ကို ဆောင်ခဲ့သည်သာမက မိမိ၏ နောက်ဆုံးခရီးမှာပင် နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြားသတင်းထောက်များ နောက်ဆုံးမှတ်တမ်းတင် သတင်းယူရန် ရောက်ရှိနေကြရပါသည်။ ထို့ထက်မက တခါမှစုစည်းမှုမရှိခဲ့သော ဘုန်းတော်ကြီးများ အနယ်နယ်ရပ်ရပ်မှ လာရောက်၍ ကျောင်းသားများနှင့် ပူးပေါင်းလက်တွဲလျက်နေသည် မှာ အံ့ဖွယ်ရာဖြစ်ပါသည်။

ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားတည်ဆောက်သော အုတ်ဂူရှေ့စားပွဲပေါ်တွင်တင်၍၊ သံဃာတော်များ၊ ဦး သန့်မိသားစုများ၊ နိုင်ငံခြားသံတမန်များ၊ ပြည်သူကျောင်းသားများ နောက်ဆုံးဂါဝါရပြုကြပါသည်။ အစီစဉ်အ ရ ဦးသန့်ရုပ်ကလာပ်ကို ကန်တော်မင်ပန်းခြံသို့ သယ်ယူမည်ဟု ကြေညာလိုက်သည်နှင့် “ဦးသန့်ရုပ်ကလာပ်ကို သမဂ္ဂ၀င်းအတွင်းမှ ဘယ်ကိုမှမထုတ်ရဘူး” ဆိုသည့် ကြွေးကြော်သံများ တခဲနက် ဆူညံသွားပါတော့သည်။

သမဂ္ဂနေရာဟောင်းရှေ့ရှိ မန္တလေးဆောင်ခန်းမ အသံချဲ့စက်မှ ဦးခန့်အနေနှင့် ပြည်သူနှင့်ကျောင်းသားထုကို မေတ္တာရပ်ခံစကား အနည်းငယ်ပြောကြားသွားပါသည်။ ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားများတည်ဆောက် ထားသောအုတ်ဂူတွင် ထာဝရသင်္ဂြိုလ်ရန် ကြွေးကြော်သံများ ဆူညံသထက် ဆူညံလာပါသည်။ အခြေအနေမှာ သက်ဆိုင်ရာ ကျောင်းသားကိုယ်စားလှယ်များက တစုံတခုမှမပြုလုပ်ပါက၊ ကျန်ကျောင်းသားများက အတင်း ၀င်ရောက်သင်္ဂြိုလ်မည့် အခြေအနေတွင် ရှိနေပါသည်။

နောက်ဆုံး ကျောင်းသားကိုယ်စားလှယ်များက ဦးသန့်ရုပ်ကလာပ်ကို ကျောင်းသားများတည်ဆောက်သော အုတ်ဂူတွင်သာ ထာဝရသင်္ဂြိုလ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည့်အချိန်မှသာ ကျောင်းသားထုနှင့်ပြည်သူ များ လက်ခံကျေနပ်ကြလေသည်။ ကြေညာပြီးသည့်အတိုင်း ကျောင်းသားများ ဦးသန့်ရုပ်ကလာပ် ပုခုံးပြောင်း သယ်ယူပြီး အုတ်ဂူတွင် သင်္ဂြိုလ်လိုက်ပါသည်။ ဘိလပ်မြေ (Concrete cement mixture) ကလည်း အဆင် သင့်ပြင်ထားသည့်အတွက်၊ ပရံဆရာ(Mason)လက်စွမ်းနှင့် အုတ်ဂူကို ထာဝရပိတ်လိုက်ပါသည်။ “အောင်ပြီ” “အောင်ပြီ” “အောင်ပြီ” ဟူသော ကြွေးကြော်သံများ မိုးကွဲလုမတတ် မြည်ဟိန်းသွားပါသည်။ သံဃာတော်များ ပရိတ်တရားနာပြီး အသေခံကျောင်းသားတပ်ဖွဲ့က ကမ္ဘာ့ကုလသမဂ္ဂအလံတော်နှင့် အုတ်ဂူကို လက်ျာရစ်သုံး ပတ် ပတ်ပြီး အလေးပြုပါသည်။ ထို့နောက် ကုလသမဂ္ဂအလံတော်ကို အုတ်ဂူထက်တွင် လွှမ်းခြုံလိုက်ပါသည်။

၎င်းနေ့ညဘက်တွင် နေ၀င်းစစ်အစိုးရဘက်မှ မြန်မာ့အသံကတဆင့် ကျောင်းသားများက ဦးသန့်မိသားစု၏ ဆန္ဒကို ငြင်းပယ်၍ ကျောင်းသားများတည်ဆောက်သည့် အုတ်ဂူတွင် ဦးသန့်ရုပ်ကလာပ်ကို သင်္ဂြိုလ်ကြောင်း၊ စာကြည့်တိုက် အဆောက်အဦးအတွက် ထားသော ဆောက်လုပ်ရေးပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ပြီး အုတ်ဂူဆောက်သည့်အတွက်၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနှင့် အရေးယူပေးရန်၊ ရန်ကုန်တိုင်းဆောက်လုပ်ရေး ကော်ပိုရေးရှင်းမှ စာပို့ကြောင်း ကြေညာပါသည်။

ကျောင်းသားများအနေနှင့် ဂူဗိမာန်ဆက်လက်တည်ဆောက်ရန်၊ အသေခံတပ်ဖွဲ့အမည်တပ်ကာ ငြိမ်းချမ်းရေး ဖခင်ကြီးဦးသန့်အတွက် အသက်ကို ပဓာနမထားဘူး ဆိုသည့်ခံယူချက်နှင့် ဦးသန့်အုတ်ဂူကို စောင့်ရှောက် ထားပါသည်။ မကျေနပ်နိုင်သည့် ပြည်သူလူထုကြီးနှင့်ကျောင်းသားတို့သည် နေ၀င်းစစ်အစိုးရ၏ တပါတီဝါဒကို ဆက်လက်ကန့်ကွက် ဆန္ဒပြနေကြပါသည်။

ကျောင်းသားများသည် ပိုမို၍စည်းလုံးညီညွတ်လာပါသည်။ တဦးကိုတဦး ညီအစ်ကိုမောင်နှမသဖွယ် စောင့် ရှောက်ကြပါသည်။ နေ၀င်းစစ်အစိုးရ၏ သူလျှိုအမ်အိုင် (Military Intelligence-MI) များကို မျက်ခြေမပြတ် စစ်ဆေး၍ ဖမ်းမိသော အမ်အိုင်များကို ကျောင်းသားများက ရိုက်နှက်သတိပေးလိုက်ကြပါသည်။

တရက် နှစ်ရက် ကျောင်းသားများသည် ဆက်လက်၍ ဂူဗိမာန်ပြီးစီးရေးအတွက် ဆက်လက်လုပ်ကိုင်နေကြပါ သည်။ သံဃာတော်များ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူတို့သည် နေ၀င်းစစ်အစိုးရ၏ သတင်းစာများ နှင့် ရေဒီယိုတို့မှ အမျိုးမျိုးရှုတ်ချ ဝေဖန်မှုများကို ခံယူနေကြရပါသည်။

သုံးရက်မြောက်နေ့ ဒီဇင်ဘာ (၁၀) ရက်နေ့ ၁၉၇၄ ခုနှစ် နေ၀င်းစစ်တပ်သည် ကျောင်းသားများကို နှိမ်နင်းရန် တိတ်တဆိတ် စီမံပါသည်။ စစ်တပ်သည် ရန်ကုန်ဝိဇ္စာသိပ္ပံတက္ကသိုလ် နယ်မြေတခုလုံးကို သိမ်းပိုက်လိုက်ပါ သည်။ နယ်မြေတခုလုံးအတွင်းသို့ အ၀င်အထွက်ကို ပိတ်လိုက်ပါသည်။ ၁၁-၁၂-၇၄ မနက် ၂ နာရီတွင် ကျောင်းသားများနှင့် ဆန္ဒပြသူများ အများစုအိပ်မောကျချိန်လောက်တွင် အဓိပတိလမ်းရှိ အဓိကပင်မ၀င် ပေါက်တံခါးကြီးအား ကရိန်းကြီးဖြင့် တွန်းလှန်ဖျက်ဆီး၍ ကျောင်းဝင်းအတွင်း ၀င်ရောက်ဖမ်းဆီးကြပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ဘွဲ့နှင်းသဘင်ခန်းမနေရာကွက်လပ်အား မီးမောင်းများထိုးပြီး ရဲများက ဒိုင်းကာများ၊ လက်ကိုင်တုတ်များဖြင့် စတင်ဝင်ရောက်ပြီး မျက်ရေဗုံးများ မြေကော်စက်များ၊ မော်တော်ကားများ အသုံးပြုပြီး ဆန္ဒပြသူများအား လူစုခွဲကာ ဦးသန့်အုတ်ဂူအားလည်းဖြိုချ၍ ရုပ်ကလာပ်အား ပြန်လည်ဖော်ယူပြီး ရွှေတိဂုံဘု ရားအနီး ကန်တော်မင်ပန်းခြံဘေးရှိ သခင်ကိုယ်တော်မှိုင်းအုတ်ဂူဘေးနေရာသို့ ညတွင်းပင် ပြောင်းရွှေ့မြှုပ်နှံ ပါသည်။

ထိုသို့ ကြမ်းတမ်းစွာ ဖျက်ဆီးဖမ်းဆီးသည့်အတွက် ကျောင်းသားတချို့ သေဆုံးခဲ့ကြရပါသည်။ တချို့မှာတော့ စစ်ဖိနပ်စာထိ၍ အရိုးကျိုး၊ တုတ်များ၏ ရိုက်ချက်ဒဏ်ကြောင့် ခေါင်းကွဲပြီး လဲကျသူများလည်း ရှိပါသည်။ လက်နက်မဲ့သော ပြည်သူ သံဃာတော်များ ကျောင်းသားများကို အချုပ်ကားပေါ်သို့ အတင်းအဓမ္မ ဖမ်းဆီး တင်ဆောင်၍ ညတွင်းချင်းပင် အင်းစိန်အကျဉ်းထောင်သို့ ပို့ပါသည်။ သယ်ဆောင်ရာ စစ်ကား၏ အနောက် ပိုင်း အမိုးအကာမဲ့တွင် အားလုံးကို ပဆစ်ဒူးတုတ်၊ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်၊ ခေါင်းငုံ့လှုပ်မရအောင် ထိုင်ခိုင်းပြီး၊ စစ်ကား၏ နောက်ပိုင်း လေးဘက်ဒေါင့်တွင် စစ်သားလေးဦးသည်၊ ဂျီသရီးသေနတ်များနှင့် ချိန် ထားပါသည်။ စစ်ရုပ်ရှင်ကားများတွင် စစ်ပွဲမှအကျဉ်းသမားများကို ဖမ်းဆီး သကဲ့သို့ နေ၀င်းစစ်အစိုးရသည် ကျောင်းသား ပြည်သူ ရဟန်းသံဃာတော်များကို မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပါသည်။ ညပိုင်းမှစတင်ဖမ်းဆီး ပြီး အင်းစိန် ထောင်သို့ ပို့ဆောင်သော နောက်ဆုံးစစ်ကားသည် နံနက် (ဂ) နာရီအချိန်ထိ ဖြစ်ပါသည်။ ဤမြင် ကွင်းသည် ပြည်သူလူထုတရပ်လုံးအတွက် ရင်နင့်ဖွယ်ရာ မတတ်သာလို့ လက်ပိုက်ကြည့်နေရသည့် အခြေအ နေတွင် ရောက်ရှိနေပါသည်။

မြန်မာဗုဒ္ဓဘာသာထုံးစံကိုမှ ဂရုမစိုက်၊ အုတ်ဂူကို ဖောက်ခွဲပြီး သင်္ဂြိုလ်ပြီးသည့် ရုပ်ကလာပ်ကို ထုတ်ယူခြင်း၊ ပြည်သူ၊ သံဃာတော်နှင့် ကျောင်းသားကျောင်းသူများကို ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးခြင်း ဆိုသည့် သတင်းကိုကြားသည့် ပြည်သူလူထုကြီးမှာ နေ၀င်းစစ်အစိုးရ၏ လုပ်ရပ်ကို လက်ခံနိုင်စွမ်းမရှိသည့်အဆုံး နံ နက် ဂး၃၀ အချိန်လောက်တွင် ရန်ကုန်မြို့တွင် အစိုးရနှင့်သက်ဆိုင်သည့် မြန်မာ့ဆိုရှယ်လစ်ပါတီယူနစ်ရုံးများ၊ ရဲစခန်းများ၊ ရုပ်ရှင်ရုံအချို့ကို မီးရှို့ဖျက်ဆီး တန်ပြန်အကြမ်းဖက်ဆန္ဒပြကြပါသည်။

“ငါတို့တပါတီကောင်းစားရေး ဆိုရှယ်လစ်ဝါဒကို ထိပါးလာရင်တော့ နေ၀င်းစစ်အစိုးရသည် မည်သူကိုမှ အ သက်ချမ်းသာပေးမည်မဟုတ်ကြောင်း” တရုတ်ပြည်မှ ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်း၏ စကားနှင့် နှိုင်း၍ “အာဏာသည် သေနတ်ပြောင်းဝတွင်ရှိကြောင်း” ပြည်သူလူထုကြီးအား လက်တွေ့သတ်ဖြတ်ပြပါသည်။
စစ်တပ်၏ ပြောင်းဝကို ပြည်သူတို့အား ချိန်ရွယ်ပစ်ခတ်နှိမ်နင်းပါသည်။ ရန်ကုန်မြို့တွင်းတွင် သေနတ်သံများ ဖုံးလွှမ်းလျက် လူပေါင်းမြောက်မြားစွာ သွေးမြေကျခဲ့ရပါသည်။ ရန်ကုန်မြို့တွင်းဝယ် စစ်နယ်မြေသကဲ့သို့ တင့်ကားကြီးနှင့် လှည့်လည်လျက်၊ ဂျီသရီး သေနတ်ကြီးများနှင့် ပစ်ခတ်နေပါသည်။ ရန်ကုန်မြို့တွင်းကိုလည်း စစ်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ပြီး၊ ညမထွက်ရအမိန့်များ ထုတ်ပြန်ပါသည်။ ဖမ်းဆီးမိသည့် ပြည်သူများ ကို ပြည်သူပိုင်ပစ္စည်း ချိုးဖောက်ဖျက်ဆီးမှုဆိုသည့် မတရားပုဒ်မတပ်ကာ ထောင် (၃) နှစ်မှ ထောင် (၅) နှစ်ချ ကာ အစွမ်းပြနေပါသည်။ ဦးသန့်ဈာပနကိစ္စတွင် ပါဝင်သော ပြည်သူ သံဃာတော် ကျောင်းသားများကို နေ၀င်း စစ်ထောက်လှမ်းရေးအမ်အိုင် (MI)ပုဂ္ဂိုလ်များကို အသုံးပြုလျက် နေအိမ်များမှ လိုက်လံဖမ်းဆီးပါသည်။ နုနယ် ငယ်ရွယ်လှသည့် ကျောင်းသားကလေးများပင်မချန် အင်းစိန်ထောင်ထဲသွင်းထားပါသည်။

ရာပေါင်းများစွာသော ကျောင်းသားနှင့်ပြည်သူ ရဟန်းသံဃာတော်များ အသက်ဆုံးရှုံးခဲ့ပါသည်။ ထောင်ပေါင်း များစွာသော ကျောင်းသားပြည်သူတို့ကို ထောင်ချထားသည်။ ကျန်ကျောင်းသားများသည် အိုးပစ်အိမ်ပစ် ပ ညာရေးဆုံးရှုံဆုံးခံပြီး သူတို့၏ ဖမ်းဆီးမှုမှ ရှောင်တိမ်းနေရပါသည်။ ရှောင်တိမ်းနေရသော ကျောင်းသားတချို့ သည် တောတွင်းတော်လှန်ရေးအဖွဲ့စည်းများသို့ တချို့ရောက်ကြပါသည်။ တချို့လည်း နိုင်ငံခြားတိုင်းပြည်များ သို့ ခိုးထွက်ပုန်းလျှိုးနေရပါသည်။ သူတို့၏ ဘ၀ရှေ့ရေး မည်ကဲ့သို့ ဖန်တီးမည်ကိုကား မည်သူကမှ မပြောနိုင် အောင် ဖြစ်ပါသည်။

ကောက်ခံရရှိသော ရန်ပုံငွေ ၃၀၀,၀၀၀ ကျပ် မည်သူထံတွင် ရှိနေသည်ကို စာရေးသူအနေနှင့် သတင်းမှန်မ သိရှိသော်လည်း စားရမဲ့ သောက်ရမဲ့ ၀တ်ရမဲ့ အခြေအနေကြားမှ ဤမျှသော ငွေပမာဏကို ဦးသန့်ဂူဗိမာန် တည်ဆောက်ရန် လှူဒါန်းကြသော လူထုကြီး၏ စေတနာကို သိရှိနိုင်ပါသည်။

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုရမည်ဆိုသည်ကို သာမာန်အသိဉာဏ်ရှိသူတယောက်ပင် သိရှိပါသည်။ ကမ္ဘာ့ငြိမ်း ချမ်းရေးဖခင်ကြီး ဦးသန့်ကို အသိဉာဏ်ရှိသည့် လူသားအားလုံးက ထိုက်သင့်စွာသင်္ဂြိုလ်ရန် ကြိုးစားခဲ့သော် လည်း မမျှော်လင့်သည့် တုန့်ပြန်ချက်များကြောင့် မြင်မကောင်းကြားမကောင်း အသက်များစွာစတေးပြီး သွေး မြေကျကာ ငြိမ်းချမ်းရေးဖခင်ကြီး ဈာပနအခမ်းအနားကို ပြီးဆုံးလိုက်ရပါသည်။

ရင်သွေးငယ်တိုင်း ယဉ်ကျေးလိမ္မာရမည်
ရင်သွေးငယ်တို့ကမ္ဘာ ငြိမ်းအေးသာယာရမည်
ရင်သွေးတို့ခေတ် ဆန်းသစ်ဝေဆာရမည်
ဒေါက်တာမင်းတင်မွန်

“Peace is too important to be left exclusively to the politicians.”
U Thant (Former UN Secretary-General)

ပတ်မြို့ (Perth, W. Australia) ကျောင်းသားများ၏ တေးသီချင်း။
“ကမ္ဘာမကြေဘူး”
ကမ္ဘာမကြေဘူး ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် ... သူရဲကောင်းတို့ရေ∙∙∙
အာဇာနည်တွေ နေတဲ့တိုင်းပြည် ရဲရဲတောက် ဒို့မြန်မာပြည်
ကိုယ်တော်မှိုင်း ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ ∙∙∙
သခင်အောင်ဆန်း နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ ∙∙∙
သြော် လုပ်ရက်ကြပေ ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ
အတုံးအရုံးနဲ့ လဲပြိုကာနေ ∙∙∙
ညီအစ်ကိုတို့ ∙∙∙ ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့ ∙∙∙ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
သြော် ∙∙∙ သူရဲကောင်းတို့တွေ အခိုင်အမာပီပြင် တော်လှန်ပစ်မလေ ∙∙
ဒို့ချစ်တဲ့ ဒို့မြန်မာပြည် ∙∙∙

***********************************************

တချိန်က ဒီဇင်ဘာ ၁၉၇၄ ခုနှစ်၊ ကျနော်သည် ရန်ကုန်စက်မှုတက္ကသိုလ်တွင် မှားတဲ့အချိန်နဲ့ မှားတဲ့နေရာ ရောက်ခဲ့သည်ဟု ထင်ခဲ့ပါသည်။ ဤအချိန်သည် ကျနော့်အတွက် အမှန်ဆုံးအချိန်ဖြစ်ခဲ့သည်သာမက ကျနော် ၏ မှန်သောနေရာသည် ရန်ကုန်စက်မှုတက္ကသိုလ် ဖြစ်ခဲ့ပါသည်။ သို့မဟုတ်ပါက ကျနော်သည် ဤနေ့ ဤနေ ရာကို ရောက်ရှိမည်မဟုတ်ပါ။

စက်မှုတက္ကသိုလ်စိုးဝင်း

 

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Welcome to Myo Chit's Live Entertainment.
It's on every Friday @ 6:00PM (PST)
Internet Explorer is required.
Now you can also listen to it by clicking HERE
Be sure to adjust the volume level to your comfort.
Please enjoy & invite others to join us too.

Thank you so much for your visit & see you again soon!

M.C

မျိုးချစ်မြန်မာ ရဲ့ Live Entertainment ကို
အမေရိကန်အနောက်ဘက် စံတော်ချိန် သောကြာနေ့ ည ၆ နာရီ တိုင်း
ဒီနေရာ လေးကနေလဲ တိုက်ရိုက် နားသောတဆင်နိုင်ပါပြီ
Internet Explorer နဲ့ ဖွင့်မှ အသံကြားရမှာဖြစ်ပါတယ်
အသံကို အတိုးအကျယ် လိုသလိုထားနိုင်ပါတယ်

ခုလိုလာရောက်အားပေးတဲ့အတွက် အထူးကျေးဇူးပါ
သင့်မိတ်ဆွေများကိုလဲ အတူလာရောက် ခံစားဖို့ ဖိတ်ခေါ်ပေးပါဦးနော်
နောက်အပါတ်တွေလဲ တွေ့ကြတာပေါ့

မျိုးချစ်မြန်မာ

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ခိုးပြီး On Line တက်ရတဲ့သူတွေ ကိုယ်ဖျောက်ချင်ရင်

အလုပ်ကနေဖြစ်ဖြစ် အင်တာနက်ကဖေးကနေဖြစ်ဖြစ်
Internet ကိုခိုးပြီးသုံးနေရတဲ့သူတွေ
ကိုယ်ဘယ်ဆိုက်တွေ တက်နေတယ် ဆိုတာကို
ထောက်လှန်းရေးတွေ IT Department ကလူတွေမသိအောင်
ဒီ Software လေးက ကိုယ်ဖျောက်ပေးနိုင်ပါတယ်

Click HERE to get it for PC
Click HERE to get it for MAC.

ပြီးရင် အရင်က သွားလို့မရတဲ့ Site တော်တော်များများလဲ
အတားအဆီးမရှိ ပွင့်သွားပါလိမ့်မယ်။

ဥာဏ်ရှိသလို အသုံးပြုကြပါ

မျိုးချစ်

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

မဂ္ဂဇင်းများ

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

ပရဟိတ အဖွဲ့အစည်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ