Home စာပေ ကျန်းမာရေး
ကျန်းမာရေး
Soft Drinks & Pancreatic Cancer PDF Print E-mail
စာပေ - ကျန်းမာရေး
Written by မျိုးချစ်   
Sunday, 28 February 2010 12:44

ပုံ (၁) အမျိုးမျိုးသော soft drinks များ

 

မြန်မာနိုင်ငံမှာ soft drink လို့ ခေါ်တဲ့ အချိုရည်ပုလင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်လာကြတာ နှစ် ၂၀ လောက်ရှိပြီ ထင်ပါတယ်။ Pepsi တို့ 7up တို့က စလိုက်တာ အခု fruito တို့ cola တို့ခောတ် အထိပါပဲ။ ကြားထဲမှာ lippo တို့ ကျွဲရိုင်းတို့လည်း ပါပါသေးတယ်။ သူတို့ကို energy drink လို့လည်း ခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆိုသော် သူတို့ထဲမှာ သကြားဓာတ်တွေ အမြောက်အမြားပါဝင်တယ်။ သကြားဆိုတာ body အတွက် စွမ်းအင်ပဲ။ အဲဒီတော့ အချိုရည်သောက်လိုက်ရင် လန်းသွားတယ်ဆိုတာ တကယ်တော့ မဆန်းလှပါဘူး။ ပေါ်စတုန်းက အရမ်းခောတ်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြို့ပေါ်ကလူတွေက ဒီအချိုရည်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိရှိလာကြပါတယ်။ ရလဒ်အဖြစ် သောက်တော့သောက်ကြတယ်။ အလွန်အကျူးမသောက်ကြတော့ဘူး။ နယ်ဘက်မှာတော့ အစကတည်းက သိပ်ပြီး သောက်ကြလေ့ မရှိဘူးထင်ပါတယ်။

ဒီအချိုရည်တွေကို America မှာတော့ အခုထက်ထိ စွဲစွဲမြဲမြဲ သောက်ကြတုန်းပဲ။ Coca cola ကလည်း အရမ်းနာမည်ကြီးတယ်လေ။ ကြော်ငြာအားကလည်း တကယ်ကောင်းတာ။ American တွေက ကျန်တဲ့နေရာမှာသာ တော်ရင်တော်မယ်။ ကျန်းမာရေး အမူအကျင့်နဲ့ ပတ်သက်လာရင် ဗမာတွေနဲ့ သိပ်ကွာတာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း အ၀လွန်ရောဂါတွေ လူငယ်တွေကြားမှာ အရမ်းဖြစ်လာတာ။ သူတို့တတွေက သိသိချည်းနဲ့ နေချင်သလိုနေ နေကြသလိုပဲ။
အခု အဲဒီ အချိုရည်တွေနဲ့ ပတ်သက်ပြီး သုတေသန စာတမ်းတစ်စောင် ထွက်လာတယ်။ ပြုလုပ်တဲ့ တက္ကသိုလ်ကတော့ Washington, DC က Georgetown University Medical Center ကပါ။ ထိုစာတမ်းကို ဖေဖော်ဝါရီလထုတ် ကင်ဆာ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အချို၇ည် သောက်မှုနဲ့ Pancreas Cancer တို့ရဲ့ ဆက်သွယ်မှုကို သိရှိအောင် စင်ကာပူ နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေကြားမှာ သုတေသနကကို ပြုလုပ်ခဲ့ပါတယ်။ ကြာမြင့်ချိန်ကတော့ ၁၄ နှစ် ဖြစ်ပါတယ်။ (ဆက်ဖတ်ရန်)

 
ရေသောက်ခြင်း၏ အကျိုးများ PDF Print E-mail
စာပေ - ကျန်းမာရေး
Written by မျိုးချစ်   
Tuesday, 29 December 2009 13:38

ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။



ရေအကျိုး ဆယ်ပါး

  • ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
  • ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
  • ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
  • ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
  • ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
  • ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
  • ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
  • ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
  • အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
  • ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

  • အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
  • တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
  • ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
  • ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
  • ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
  • ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
  • ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
  • ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

မူရင်း - http://health.ngoinmyanmar.org/2009/12/blog-post_23.html


 
ကင်ဆာ နှင့် ဒူးရင်းသြဇာ PDF Print E-mail
စာပေ - ကျန်းမာရေး
Written by မျိုးချစ်   
Tuesday, 15 December 2009 10:33

ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။
ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။
အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊  သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ြပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့
နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။
ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။
ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။
အရမ်းလဲသနားဖို့ကောင်းပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။
အရသာလဲမဆိုးတဲ့ဘဘာဝအသီးပင်ရဲ့အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ
သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။
ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။ ကင်ဆာဆဲလ် တွေ စစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။

ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။
အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။
ဆေးနည်းကတော့

အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂) နာရီကြာအောင်တည်ရပါမယ်။

တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ

(၅)ရက်သောက်ရမှာဖြစ်ပါတယ်။

လိုအပ်ရင် ဆက်သောက်သွားလို့ရပါတယ်။ အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။


ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကိုသဘာဝဆေးဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းကြပါနော်။
သက်သာပျောက်ကင်းသွားတယ်ဆိုရင် ...ကိုယ့်အတွက်အမြတ်ပါဘဲ...

မိတ်ဆွေတစ်ဦး ပေးပို့လာသော E-Mail မှ ပြန်လည်မျှဝေပါသည်။ 

Last Updated ( Tuesday, 15 December 2009 10:55 )
 
ည နှင့် ကျန်းမာရေး PDF Print E-mail
စာပေ - ကျန်းမာရေး
Written by မျိုးချစ်   
Thursday, 19 November 2009 05:34

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။
အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများပိုမိုဖြစ်တတ်သည်။
ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။

နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင် နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ    = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ     = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်
နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)
နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ   = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန် (ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။     ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မ

( ပါမောက္ခ ဒေါ်ခင်ဖြူ )

မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။

 

 
ဆေးလိပ်ဖြတ်လိုပါသလား PDF Print E-mail
စာပေ - ကျန်းမာရေး
Written by မျိုးချစ်   
Friday, 02 October 2009 12:06

သင့်ထံတွင် ဤအရာများရှိနေလျှင် ဆေးလိပ်ဖြတ်ရ မခက်ပါ။
ဆေးလိပ်ဖြတ်ရန်အတွက် လိုအပ်သောအရာများ

၁။ဖွင့်ထားသောစိတ်
Open Minded ဖြစ်ရန်အရေးကြီးပါသည်။ လူတိုင်း တွင်ငုတ်နေသော မာန အခံစိတ် ကလေးများ ရှိနေတတ်ပါသည်။ ကောင်းစေလို၍ ပြောဆိုသော စကား သည် မည်သူပြောပြော ကောင်းစေလို၍ သာ ဖြစ်သော်လည်း သူ က ဘာမို့လဲ ၊ ငါက ဘာလို့ သူပြောတိုင်းလိုက်လုပ် ရမှာလဲ ဟု အရွဲ့တိုက်လိုသော စိတ်များ ၀င် တတ်ပါသည်။ထို့အပြင် လူ အတော်များများ သည် သူများပြောမှ လိုက်လုပ်ရသည် ကို ရှက်ရွံ့ စိတ်ဝင်တတ်ကြပါသည်။
ပထမဦးဆုံး စ၍ စဉ်းစားသင့်သည်မှာ ဤဆေးလိပ်ကိုဖြတ်၍ ကိုယ့်ဘ၀ အတွက် ဘာပိုထူး လာမလဲ ဟု လေးလေးနက်နက် မလိမ်မညာစတမ်း မေး ဖြေ လုပ်ကြည့်ပါ။ ဆေးလိပ် ၏ ဆိုးကျိုးသည် တွေးတောကြည့်မှ မှန်းဆ ရနိုင်သော အရာ မဟုတ်ပါ။ကိုယ်တိုင် မြင်နေရပါမည်၊ကြားနေရပါမည်၊ခံစားနေရပါ မည်။ သိပ္ပံနည်းကျ စနစ်တကျ လေ့လာထားသော စမ်းသပ်ချက်ရလဒ် တွေလည်း ရှိနေပါပြီ ။
ဆေးလိပ်၏ဆိုးကျိုးများစွာအနက် မိမိမှလွဲ၍ အခြားသူများ ကို ထိခိုက် စေနိုင်သော အချက် များကို ရှောင်ရှား၍ ရချင်ရပါလိမ့်မည်။သို့ရာတွင် သောက်သုံး သော မိမိကိုယ်တိုင် ၏ ကျန်းမာရေးဆိုးကျိုးများကို တော့ မလွဲအသွေ ရင်ဆိုင် ရပါလိမ့် မည်။ကိုယ့် ဘာသာ ကိုယ် သောက် တာ ဘာဖြစ်လဲ၊ ပတ်ဝန်းကျင် နှင့် အခြားသူ တစ်ဦး တစ်ယောက် ကိုမျှ ဒုက္ခ မဖြစ်စေရင် ပြီးတာပဲ ဟု ဆိုသူများ စဉ်းစားသင့်ပါသည်။

၂။အမြင်
ဆေးလိပ်၏ဆိုးကျိုး တရားများကို ချရေးပါ။ တစိမ့်စိမ့်တွေး ပြီး အာရုံမှာ ထင်လာသည်အထိ မြင်အောင်တွေးကြည့်ပါ။ တစ်ခါတစ်ရံ တွင် စာလုံးကြီးကြီး ရေးကာ မြင်သာသော နေရာ ကပ်ထားသော နည်း ကလည်း အလုပ် ဖြစ်ပါသည်။

၃။နည်းလမ်း
လွဲမှားစွာ မာနထားနေမည့်အစား ကိုယ့်စိတ်ကို ဘယ်လောက် နိုင် သလဲ ဆိုတာ ကို လေ့လာ ကြည့်သင့်ပါသည်။ ကိုယ့်စိတ် ကို အမှန်တကယ် နိုင် သူ တွေသာ ဆေးလိပ် ကို ဖြတ်နိုင်ပါလိမ့် မည်။ သို့မဟုတ်ပါက နည်းမျိုးစုံအောင် ဆင်ခြေမျိုးစုံ ပေးကာ တ၀ဲဝဲလည်လည် ဆေးလိပ်တောမှာ မြောနေပါလိမ့်မည်။ အောက်ပါ နည်းလမ်းဖြင့် ကိုယ့်စိတ်ကို နိုင်သလား စမ်းသပ်ကြည့် နိုင်ပါသည်။ သုံး နည်းလမ်း ဟု ကိုယ့်ဘာသာ ပေးထားပါသည်။

၁။ ဆေးလိပ်အရမ်းသောက်ချင်သည့် စိတ် ဖြစ်လာလျှင် ၃ စက္ကန့် အောင့်အီးသည်းခံ စောင့်ဆိုင်း ကြည့်ပါ။

၂။ ၃ စက္ကန့်ပြည့်၍ မှ ဘယ်လိုမှ သည်းမခံနိုင်တော့လျှင် သဘောကျ လုပ်ပါလေ။ သည်းခံ၍ ရနေသေးလျှင် တော့ ၃ မိနစ် ပြည့်သည်အထိ ဆက်ပြီး သည်းခံ စောင့်ကြည့်ပေးပါ။

၃။ ၃ မိနစ်အထိ သည်းခံနိုင်ပြီ ဆိုသူများသည် ၃ နာရီ ဆက်တိုက် တစ်လျှောက် တည်း ဖြတ်နိုင်ပါလိမ့်မည်။

၎။ ထိုမှ ၃ ရက်၊ ၃ ပါတ် ၊ ၃ လ ၊ ၃ နှစ် စသဖြင့် သံဓ္ဓိဌာန် ချကာ ကိုယ့်စိတ် ကိုယ် အနိုင်ယူ ကြည့်ပါ။

၅။ ကိုယ့်စိတ်ကိုယ် တစ်ခါ အောင်မြင်တိုင်း ၊အောင်မြင်တိုင်း ကိုယ့်ကိုကိုယ် ဂုဏ်ပြုပေးပါ။

၎။ပါတ်ဝန်းကျင်
မိမိကိုနားလည်ပေးနိုင်သောပါတ်ဝန်းကျင်ရှိနေရန်လည်းဆေးလိပ်ဖြတ်ရန်အတွက် အရေးကြီးပါသည်။

 
<< Start < Prev 1 2 Next > End >>

Page 1 of 2

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ