Home စာပေ ကဗျာ
ကဗျာ
သရုပ်ပျက်ည PDF Print E-mail
စာပေ - ကဗျာ
Written by မျိုးချစ်   
Friday, 05 March 2010 02:56

နဂိုတိုင်း လှနေရက်သာနဲ့
မိတ်ကပ်တွေ လိပ်းထား
စိတ်ဓတ်တွေ ယိမ်းပါး။
သိမ်းထားတဲ့ စံပယ်တစ်ပွင့်တောင်။
ထုတ်မပန်......
ကိုယ့်ကိုယ်ကို လုပ်ကြံရလောက်အောင်
ဟော.......ဒီည
သိမ်မှောင်သွားပြီလား......ကောင်မလေးရယ်

သရုပ်ပျက်ရုံလောက်နဲ့ တော့
ရုတ်တရက် အမှောင်မကျ....
အမျိုးပျက်မှ အဆုံးမှောင်။
ပြုံးယောင် မျက်နှာထားနဲ့ 
သုံးတောင်ဝတ်....၀တ္တရား
သေးသေးလို ထင်နေသလား....ကောင်မလေးရယ်

အတောင်နှစ်ဆယ်ဝတ်တွေ။
စစ်မြေထွက် ပြည့်ကိုရံသလို
သုံးတောင်ဝတ်တွေက
ဇာတိကို ကျားကန်
ယဉ်ကျေးမှုကို အားမာန်ဖြည့်
မိခင်အငွေ့ အသက်နဲ့ 
အမေ့လက်ဆွဲမယ်......
အိမ်ရဲ့  ဆည်းလည်းလေးတွေရဲ့ ......ရှေ့ဆောင်
အိမ်မှောင်ရင်.........မီးထွန်း
အိမ်ရှုပ်ရင်.....တံမြက်စီးလှည်း
(အိမ်အထဲမှာ ကျန်နေခဲ့ပေမယ့်)
တစ်အိမ်လုံးရဲ့ အသည်းနှလုံး
တစ်အိမ်းလုံးရဲ့  ပုလဲကုံး
မင်း....ကသာအရေးအကြီးဆုံးပါ.....

မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုလို့ 
ယောင်ရမ်ူပြီး အလည်မထွက်ပါနဲ့ ။
မောင်ကတောင်ကို ထမ်း
မယ်ကဗနိးကိုရွက်။
တောင်းထဲမှာ အပြည့်ထည့်ကာ လက်နက်
ဗန်းထဲမှာယဉ်ကျေးမှုတွေ ပန်းခက်တွေ
လန်းလျှက်ဝေနေရင်......လမ်းထွက်လည်းရဲ ရဲထွက်
ပန်း ခက်လည်းရဲရဲပန်.......။

မင်းပန်........တဲ့ပန်း
သဇင်ပန်းဖြစ်ဖိုမလို......
ရင်နှစ်ခြမ်းထဲ တစ်ဆို့ ....ငို
စံပယ်ပန်းကိုအထင်သေး။
မင်းမွှေးကြည့်ပါဦး....ကောင်မလေးရယ်။
(ဆက်ဖတ်ရန်)

 
" မပြည့်တဲ့ အိုး " PDF Print E-mail
User Rating: / 1
PoorBest 
စာပေ - ကဗျာ
Written by မျိုးချစ်   
Monday, 01 March 2010 23:16

 

" မပြည့်တဲ့ အိုး "



ပြည့်သောအိုးပေ
သက်ငြိမ်နေလည်း
မပြည့်အိုးကပ်
ဘောင်ဘင်ခတ်၏...


မျိုးချစ်

10:06PM
Feb 28th 2010

 
ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန် PDF Print E-mail
စာပေ - ကဗျာ
Written by မျိုးချစ်   
Monday, 01 March 2010 05:38

(၁)
စက်တင်ဘာအရေးအခင်း.... တဲ့
စစ်တွေမြို့နယ်ကစ
တစ်နိုင်ငံလုံးအုံကြွခဲ့။
န.အ.ဖ ရဲ့
တစ်အိမ်တစ်ယောက် အတင်းအကျပ်လိုက်စု
လူထုဆန္ဒဖော်ထုတ်ပွဲအတု..... မဟုတ်ဘူး
မြန်မာပြည်သူတွေရဲ့
အမျိုးသားရေးစိတ်ဓါတ်ကိုယ်စီနဲ့
တာဝန်သိသိပြသခဲ့ကြတဲ့
ဒီမိုကရေစီတောင်းဆိုပွဲကြီးဖြစ်တယ်။

(၂)
သံဃာတွေ
သီလရှင်တွေဟာ
ငါတို့အတွက်
မြန်မာပြည်ကြီးအတွက်
အသက်ကိုစတေး
ကျင့်ဝတ်ကိုချိုးဖောက်
ရဲရဲတောက်လမ်းလျှောက်ခဲ့ကြ
ခြေဖ၀ါးကွဲအက်တဲ့အထိ။
ဘယ်သူတွေကြည့်နေရက်မလဲ
သံဃာနဲ့ပြည်သူအတူဆင်နွှဲ
ရာဇ၀င်ရဲ့ပွဲတော်အသစ်
အချစ်ကိုခဏဖယ်
မိသားစုကိုဘေးချိတ်
ပညာရေးကိုခေါက်သိမ်း
အလုပ်ကိုထားရစ်
မဆုတ်မနစ်တဲ့ဇွဲသတ္တိနဲ့
ငါတို့တွေ ချီတက်လာပါပြီ။
(ဆက်ဖတ်ရန်)

 
“ အဲဒီနေ့က လစာနှစ်သောင်းခွဲအတွက်ပါ ” PDF Print E-mail
စာပေ - ကဗျာ
Written by မျိုးချစ်   
Tuesday, 23 February 2010 06:36

“ အဲဒီနေ့က လစာနှစ်သောင်းခွဲအတွက်ပါ ”

 

အဲဒီနေ့က ကမ္ဘာကြီးအတွက်သာမန်နေ့ပါဘဲ
ကျွန်တော်ဘယ်မေ့နိုင်ခဲ့မလဲ…..
အဲဒီနေ့မှာ လှိုင်သာယာမှာ ဆန္ဒပြတယ်
ဒီဟာကို အရှင်းဆုံးပြောရရင်
အမြတ်ဆုံးလူတန်းစားရဲ့
အရိုးဆုံးအသံထွက်တစ်ခုပါ…။

ဒီအထည်ချုပ်သမလေးတွေရဲ့ ငိုညည်းသံ
ဒါဟာ မင်းဆိုးမင်းညစ်တွေအတွက်
ငရဲလားတေးသွားသံဖြစ်မယ်….
လူစစ်လူမှန်တွေရဲ့
အမောက်ထောင်တွန်ကျူးသံလည်းဖြစ် တယ်..။

သူတို့လေးတွေခမျာ
ကားခဈေးတက်ရင်လည်းခံရတယ်
ဆီဈေးဆန်ဈေးတက်လည်းခံရတယ်
ဘဝပျက်ရင် ဖာခံရတယ်…
ခံဖို့သက်သက် ဘဝထွက်လားသလားလို့တောင်
အားတုံ့အားနာတွေးမိပါတယ်…။

အသန့်ရှင်းဆုံးငွေကြေးကို
အရင်းအနှီးအကြီးဆုံး ပေးဆပ်မှုတွေနဲ့
သူတို့တွေခမျာ ရှာဖွေနေရှာတယ်….။

သူတို့လေးတွေရဲ့လောကဓံဇာတ်ဝင်ခန်းဟာ
နိုဘယ်ဆုရသူထက်လည်းသာတယ်
အော်စကာဆုရခဲ့သူတွေထက်လည်းသာတယ်
အကယ်ဒမီရှင်တွေထက်လည်း မြင့်မြတ်ပီပြင်နေခဲ့တယ်
ဒါပေမယ့် သူတို့လေးတွေခမျာ
ရသင့်တဲ့ဆုအားလုံးနဲ့တော့လွဲခဲ့ ရရှာတယ်…..။

ငါမအားတဲ့ကြားကနေ အသံတစ်သံကြားလိုက်တယ်
လှိုင်သာယာမှာ ဆန္ဒပြနေကြတယ်တဲ့
မဖြစ်နိုင်ဆုံးပုံပြင်တစ်ပုဒ်ဖြစ်လို့……
အသောအထေ့ပြက်လုံးဖြစ်လို့…..
ဇုံလုံးမှိတ်ငါ ယုံလို့ဖြစ်မလား

ဒီလိုနဲ့

အဲဒီကိုငါရောက်ရှိသွားခဲ့တယ်……။

ငါသွားတော့ရောဘာဖြစ်မှာလည်း
အဲဒါဟာ နအဖလမ်းသစ်ဖွင့်ပွဲဆို ငါဘယ်သွားမလဲ
နိုင်ငံရေးပါတီတွေရဲ့ အင်အားပြပွဲဆိုလည်း ငါဘယ်သွားမလဲ

သူတို့လေးတွေဟာ
ဘဝပျက်ကွဲနေပေမယ့်
မသိခြင်း ကြောက်ရွံ့ခြင်းကြားမှာ
အသံတွေတိတ်ဆိတ်နေခဲ့တယ်

အခု ပွင့်အာလာခဲ့ပြီ…တောက်ပခတ်ပွင့် ခဲ့ပြီ
နအဖအတွက်တော့ ခြောက်အိပ်မက်ဖြစ်မယ်ထင်တယ်…။

အထည်ချုပ်သမဆိုတာမသိရင် ငွေနှစ်သောင်းခွဲကိုပြေးမြင်လိုက်
အဲဒီငွေဟာ ၂၅ဒေါ်လာနီးပါးနဲ့ညီမျှတယ်
အဲဒီငွေဟာ ဘဝတစ်ခုစာနဲ့ညီမျှတယ်
အဲဒီငွေဟာ အဖေအိုကို ကျေးဇူးဆပ်နေတာနဲ့ညီမျှတယ်
အဲဒီငွေဟာ ကလေးကျောင်းစရိတ်နဲ့ညီမျှတယ်
အဲဒီငွေဟာ ကမ္ဘာကြီးကို အဝတ်ဝတ်ပေးနေတာနဲ့ညီမျှတယ်

အဲဒီငွေဟာ တီဘီဖြစ်နေတဲ့မောင်လေးအတွက် အသက်ကယ်ဆေးလည်းဖြစ်တယ်
အဲဒီငွေဟာ အိတ်ချအိုင်ဗွီဖြစ်နေတဲ့လင်သား အတွက် ဆန်ပြုတ်လေးတိုက်ဖို့ဖြစ်တယ်
အဲဒီငွေဟာ ဖာမဖြစ်ရေးအတွက် ဂုဏ်သိက္ခာနဲ့အစာအိမ်ရဲ့ ထွန်ကြောင်းရာလည်းဖြစ်တယ်

အဲဒီငွေဟာ တရုတ်ပြည်ကြီး ချမ်းသာကြီးပွားနေတာနဲ့ ညီမျှတယ်
အဲဒီငွေဟာ နအဖအာဏာတည်မြဲနေတာနဲ့ ညီမျှတယ်
ငါတို့ခေတ်မှာ ငါတို့ခေတ်ရဲ့ရတနာမိခင်တွေ
ဘယ်လောက်ဘဝနစ်မွန်းခဲ့ရတယ်ဆိုတာ နဲ့ ထပ်တူအချိုးကျတယ်….
အဲဒီတစ်သောင်းခွဲဟာ သူတို့လေးတွေရဲ့ တစ်လစာဖြစ်တယ်

အဲဒီတော့
အဲဒီငွေနဲ့ အဲဒီသမလေးတွေဟာ သမိုင်းသက်သေနဲ့ညီမျှနေရှာတယ်။

ဒါပေမယ့်
အထည်ချုပ်သမလေးတွေခမျာ
တစ်လမှာမြန်မာငွေသောင်းခွဲ
တစ်ရက်ပျက်ရင် တစ်ထောင်ကျပ်ဖြတ်ခံရတယ်
နေ့ထူးနေ့မြတ်ရုံးပိတ်ရက် လာနောက်မနေနဲ့

ကော်ဖီဘရိတ်မရှိဘူး
ရီထရိုခရီးမရှိဘူး
အိုင်အယ်လ်အိုကိုမသိဘူး
အလုပ်သမားအခွင့်အရေးမသိရှာဘူး

မီးဖွားခွင့် ရှောင်တခင်ခွင့် နေမကောင်းခွင့်
ဟုတ်ကဲ့ရှင် စာအုပ်ထဲမှာလို့တောင်
သူတို့မင်းကိုပြန်ဖြေနိုင်မှာ မဟုတ်ဘူး

သူတို့သိတာ တစ်လနှစ်သောင်းခွဲအပြည့်ရရေး….
သူတို့သိတာ ဒီအလုပ်လေးမပြုတ်ရေး။

တစ်ရက်မှာ ၉နာရီ
မတ်မတ်ရပ်၊ မြန်မြန်ချုပ်၊
ကိုကိုတရုတ်ပြည်ကြီးအတွက်
အချိန်တိုတိုမှာ များများထုတ်ဖို့လေ

ကန်တော့ပါရဲ့
ရာသီလာတဲ့ ဂွမ်းစထုတ်တောင်
ပေါင်ကြားကဆွဲမထုတ်အားဘူး
သူတို့အလုပ်ရှုပ်ခဲ့ရရှာတယ်။

အော်……တစ်လတစ်သောင်းခွဲရယ်
ပေါက်ဖော်ကြီးလုပ်ရဲတယ် နအဖထောက်ခံတယ်

ဒီအထည်ချုပ်သမလေးတွေဟာ
ငါတို့မြန်မာပြည်ရဲ့ရတနာလေးတွေပါ
ငါတို့တိုင်းပြည်ရဲ့မိခင်လောင်းတွေပါ
ငါတို့တိုင်းပြည်ရဲ့စက်မှုဇုံတွေပါ
ငါတို့တိုင်းပြည်ရဲ့လူ့အခွင့်အရေးတွေပါ
ငါတို့တိုင်းပြည်ရဲ့
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရွှေပြည်တော်သာလမ်းမကြီးနံဘေးက
မြင့်မြတ်မညှိုးပန်းတွေပါ

အခုတော့
သူတို့ကို ပေါက်ဖော်ကြီးကလုပ်တယ်
နအဖကချုပ်ပေးတယ်…။

အဲဒီ
ဘဝမုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးတွေဟာ
ငါတို့တိုင်းပြည်ရဲ့ အနာဂါတ်မိခင်တွေ
ငါတို့တိုင်းပြည်ရဲ့နှမသားချင်းတွေ
ငါ့တို့တိုင်းပြည်ရဲ့ ချွေးစက်တွေ

အခုတော့ နအဖရဲ့ယုတ်မာမှုအောက်
တရုတ်ကမုဒိန်းကျင့်ကောက်ကျစ်မှုအောက်
………………….
………..။

သူတို့ခမျာ
သူတို့နိုင်ငံရေးလည်းနားမလည်ရှာပါဘူး
လစာလေးတိုးတောင်းတာကို
အဖြေမညှိဘဲ
အဓိကရုန်းခေါဘဏီတပ်ကြီးချီလို့
တပ်မတော်သာအမိ တပ်မတော်သာအဖ
လူကြီးမင်းများခင်မျာ
ဝန်းရံဖြေရှင်းလိုက်ပုံများ
ဒိုင်းလွှားကားသေနတ်များနဲ့
သွေးမြေကျရင်ဆေးဖို့ထင်ပါ့
နိုင်ငံတကာကလှူထားတဲ့ မီးသတ်ကားများတောင်ပါလာပါသေးသမို့
သြော်…လုပ်ရက်ပေတယ်လို့သာ…။

အထည်ချုပ်တဲ့လက်ပါရှင်
တိုင်းပြည်ဖျက်ချင်ရင်……
ဆူပူဆန္ဒပြချင်ရင်.……
အထည်ချုပ်စက်ရုံရှေ့မှာလစာတိုးတောင်းပြီး
အချိန်ကုန်ခံပါမလားရှင်လို့
သူတို့ပြောခွင့်ရရင် ( လူကြီးမင်းတို့ကြားမှာပါ )
နားထောင်ရဲဖို့သာ သတ္တိခွန်အားမွေးထားကြပါ…။

သေနတ်ကြီးတကါးကါးနဲ့ လူကြီးမင်းများခင်များ
သူတို့ဟာ
ငတ်နေတာလေး ကြိုးညှိဖို့
လခလေးတိုးတောင်းမိတာပါဗျာ….။

သေနတ်ကြီးတကါးကါးနဲ့လူကြီးမင်း များခင်ဗျာ
သူတို့လစာတိုးတောင်းတာဟာ
လူကြီးမင်းတို့ လူကြီးမင်းအချင်းချင်း
လစာတိုးပေး မသထာရေစာတန်းညှိရေးမှာ
အခြေခံစားကုန် ဗြောင်းဆန်ကုန်လို့
လစာတိုးတောင်းမိရှာတာပါခင်ဗျာ…။

သူတို့ခမျာ
သူတို့ခမျာ ဘိန်းမှောင်ခိုလည်း မကူးခဲ့ပါဘူး
ပြည်ပလည်းအားကိုးပြီး ပုဆိန်လည်းမရိုးခဲ့ပါဘူး
တပ်မတော်ဖြိုခွဲဖို့လည်း အားမထုတ်ခဲ့ရှာပါဘူး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း မဖြိုခွဲခဲ့ပါဘူး
တိုက်လေယဉ်တွေလည်း ဝယ်ဖို့မစီစဉ်ခဲ့ပါဘူး
လျှပ်စစ်ဓာတ်အားနဲ့ တွင်းထွက်ရတနာများလည်း ရောင်းမထုတ်နိုင်ခဲ့ပါဘူး

ထမင်းနပ်မှီဖို့အရေး
ရသင့်ရက်မရတဲ့လစာလေး
နှစ်သောင်းခွဲကနေ သုံးသောင်းခွဲဖြစ်ရေးတောင်းဆို မိတာလေးပါ

အဲဒီနေ့ကသူတို့လက်ထဲမှာ
မနေ့ညကထမင်းကြမ်းခဲနဲ့ ပဲပြုပ်ဆီမဆမ်းထည့်ထားတဲ့
ထမင်းချိုင့်လေးဘဲပါပါတယ်။

အဲဒီနေ့က သူတို့လက်ထဲမှာ
ပျက်လုလုဘဝတစ်စုံ
မျှော်လင့်ချက်မဲ့တုန်တုန်ရင် ကိုင်ထားတာဘဲ
ကျွန်တော်မြင်မိပါတယ်။

အဲဒီနေ့က
သူတို့အရှေ့မှာ
ဒိုင်းလွှားသေနတ်တကါးကါးနဲ့လူကြီးမင်းများခင်ဗျား….
သံဃာတောင်သတ်ရဲသူခင်ဗျားတို့အတွက်
ကျွန်တော်ဘက်မှာတားစရာ စကားမဲ့ပါတယ်

တစ်ခုဘဲတောင်းပန်ပါစေ
သူတို့ရှာနေရတဲ့ လစာတစ်သောင်းခွဲထဲမှာ
ခင်ဗျားတို့ကိုတိုးပေးဖို့ထားတဲ့  လစာလေးတွေပါပါတယ်…

ကျွန်တော် မျက်ရည်တွေဝေ့သွား၊
အသက်ရှုတွေကြပ်သွားလို့
အဲဒီအရှေ့ကနေလှည့် ပြန်လာခဲ့လိုက်တယ်…

နောက်နေ့သတင်းတွေမှာသာ
ခင်ဗျားတို့ဆက်နားထောင်ပါတော့ဗျာ…..။ ။


ခင်ဗျားတို့နားရောက်ပြီးမှ မကြည့်ရက်တော့လို့ ကျွန်တော်လှည့်ပြန်လာမိတာကိုခွင့်လွှတ်ကြပါဗျာ။
နှမတို့ လောက်မှ သွေးမရဲ၊ သတ္တိမရှိတဲ့ ကျွန်တော်ဟါ ဒီကဗျာလေးတစ်ပုဒ်နဲ့တော့ ခင်ဗျားတို့ကို ဂုဏ်ပြုပူဇော်ပါရစေ ။
ခင်ဗျားတို့ တိုးလိုချင်တဲ့ လစာလေးများလည်းရရှိခံစားနိုင်ကြပါစေလို့ ဒီညကျွန်တော်ဆုတောင်းပေးပါတယ်..။
အငြိမ်းချမ်းဆုံး တရားဓမ္မထွန်းကားရာ ကျွန်တော်တို့တိုင်းပြည်မှာ တရားမျှတမှုမရှိဆုံး အဖြစ်ပျက်တွေ ဖြစ်ပျက်နေတာ ဘယ်တော့များမှဆုံးမှာလည်းလို့ လည်း ယောင်္ကျားတန်မဲ့မျက်ရည်ဝဲမိပါတယ်ဗျာ.။
အသန့်ရှင်းဆုံးနေ ရာမှာ အယုတ်ညံ့ဆုံးလူတွေရှိနေသရွေ့တော့  ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးသောသူတွေရဲ့ ဘဝတွေ ရင်း နှီးပျက်စီးပေးရဦးမှာပေါ့လေ..။

 

နိုင်ငံပြုသစ္စာဖြင့်

ရွက်သစ်

၉၊ ၂၊ ၂၀၁၀

လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲသို့

 
နေပြည်တော်သို့ အိပ်ဖွင့်ပေးစာ PDF Print E-mail
စာပေ - ကဗျာ
Written by မျိုးချစ်   
Tuesday, 23 February 2010 06:13

" နေပြည်တော်သို့ အိပ်ဖွင့်ပေးစာ "

 

ငါတို့က အမှောင်ထဲ နေထိုင်ရချိန်
နေပြည်တော်မှာ မီးတွေထိန်လို့ ။

ဘ၀အသစ်တွေ တည်ပေးပါ
မြို့သစ်တွေ မလိုပါဘူး ။

သေရွာမပါတဲ့ အာဏာနဲ့
မာယာတွေ မလိုပါဘူး ။

ဆက်ဒမ်ဟူစိန်၊ ဟစ်တလာ
နပိုလီယမ်လည်း မလိုပါဘူး ။

ရွှေကိုမလို၊ ရေကိုသာ လို၏
နာမည် "အေး" မလို၊ နောင်ရေးအေးဖို့သာ လို၏
စိန်ကိုမလို၊ လိမ္မာရစ်ကြဖို့သာ လို၏ ။ **

တို့ဗမာပြည်ကောင်းစားဖို့ အရေး...
ဒေါင်းများသွေးနဲ့ စု-တည်
အခုညီရင် အခုရလိမ့် ။

ယုတ်မာပက်စက်လှသူတွေ
ကျလူတွေ ဖြစ်ရဦးလိမ့် ။

တစ်ပတ်လည် ကံကြမ္မာ
၂၀၁၀ မှာ မြင်ကြရလိမ့် ။      ။

 

ညိုကြီး

(၂၀၁၀၊ ဇန်န၀ါရီ)

(** ဆရာတော်ဦးဝိစာရပျံလွန်တော်မူခါနီး ဆုံးမစကား = လိမ္မာရစ်ကြပါ)

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 41

မျိုးချစ်မြန်မာ က ကြိုဆိုပါတယ်

ခုလို...အကြောင်းအမျိုးမျိုးနဲ့ 
နိုင်ငံရပ်ခြားမှာ ရောက်နေကြရပေမယ့်
အမိမြေကို လွမ်းဆွတ်ရင်း
မြန်မာတွေကို ချစ်တဲ့...
မြန်မာတွေရဲ့
မျှော်လင့်ရင်း နစ်မွန်းနေဆဲ ဘဝတွေက
လွတ်မြောက်စေချင်တဲ့စိတ်နဲ့
စာနာ နားလည် ပေးတတ်သူတိုင်း အတွက်
ရည်ရွယ်ပါတယ်။
လူအခွင့်ရေးအတွက် ဆက်တိုတ်ပွဲဝင်နေတဲ့
မျိုးချစ်မြန်မာ သူရဲကောင်းများကိုလဲ
ကျွန်တော့် အသက်ရှိနေသေးသ၍
ထောက်ခံအားပေးနေပါတယ်။
အပြုသဘောနဲ့ ဝေဖန် အကြံပေးမှုများကိုလည်း
အမြဲတမ်းကြိုဆိုပါတယ်။

"အမိမြန်မာပြည်ကြီးလဲ..
ချစ်တဲ့အမေစုနဲ့အတူ..
မကြာခင်လွတ်မြောက်နိုင်ပါစေ"

မျိုးချစ်မြန်မာ

မျိုးချစ် ၏ သီချင်းများ

Myo Chit Live (Webcasting)

Join Myo Chit Myanmar Fan Club

Contact Myo Chit

Myo Chit

President

Myo Chit Myanmar HD Media Production
California, USA
Phone - (310) 734-8310
Mon - Sat 10:00 AM - 7:00 PM PST
Please call only during business hour.

Can't read fonts?

Can't see Myanmar letters?

You need to install Zaw Gyi Font.
Already installed but still can't see yet?
Then you will need to remove the old fonts first.
Use both of these removers below and restart your PC.
Open C:/windows/fonts and make sure there is no ZawGyi fonts installed.
Vista user will need to install Key Board first
Download and unzip the file,
Open the folder and click on the file named setup
64 Bit version users need to choose a file accordingly
Then download and reinstall ZawGyi from below,
Then restart your PC again.

Enjoy!

Get ZawGyi Remover

Get Gtalk Add-In Remover

Get ZawGyi Blog day Version (Best)

Get ZawGyi Key Board For Vista

ဗိုလ်ချုပ်ပြောခဲ့တဲ့ စစ်သားဆိုတာ...

စစ်သားမဟုတ်ပေမယ့်
နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊
အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ…
အဲဒါကြောင့်
စစ်သားမှ စစ်သားဆိုတဲ့
စိတ်ဓါတ်ကို ပြောင်းကြရမယ်။
ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း
မတရားမလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်

(ဗိုလ်ချုပ်အောင်ဆန်း)

ခေတ်သစ် ဒို့ဗမာ

မြန်မာပြေသည် ဒို့ပြေ..
အောင်ဆန်းစုကြည် ဒို့အမေ…
မြန်မာစာသည် ဒို့စာ..
ခွပ်ဒေါင်းသွေးနဲ့ ရေးခဲ့တာ…
မြန်မာစကားသည် ဒို့စကား..
သန်းရွှေပြောတာမုသားပါ…

ဒို့အမေကို ချစ်ပါ..
ဘုန်းဘုန်းတွေကို စောင့်ရှောက်ပါ..
တပ်နဲ့ပြည်သူ ပူးပေါင်းပါ..
နအဖကိုတိုက်ထုတ်ပါ…

မျိုးချစ်

ငါတို့ အမေ

သံဝေဂ လင်္ကာ အသစ်

ပစ်တုန်းကလဲ တဲ့တဲ့ဘဲနော့
မြတ်သောသံယာ မရှောင်ပါဘူး
မေတ္တာချည်းနှည်း မိုက်လုံးကြီး

ပစ်ပြီးတော့လဲ မရှက်ဘဲပေါ့
ကမ္ဘာ့လယ်မှာ ဝန်မခံပါဘူး
သန်းရွှေခွေးကြီး သောက်ပြောကြီး

ဒီခွေးမသား ကံအားကောင်းစဉ် ချိန်လေးတွင်မှ
သင်္ဃန်းဝတ်ရုံ သွေးလွှမ်းခြုံခဲ့
မြင်ရာသတ်ဟ ထိုဒေါသနှင့်
နအဖတွင် ခွေးစိတ်ဝင်သည်
ငရဲပင်မေ့နေလေပြီလား

မျိုးချစ်

ပြည်သူ့သဘောထား (အစစ်)

လက်နက်အားကိုး မအေရိုး
သူခိုး အဖေခေါ်သူများအား ဆန့်ကျင်ကြ…

သာသနာတော်ပြန်လည်ထွန်းကားရေးနှင့်
သံဃာတော် များ၏ အရေးကို
သတ်ဖြတ်နှိမ်နင်းသူများအား ဆန့်ကျင်ကြ…

နိုင်ငံတော်၏ ပြည်တွင်းရေးကို
ဝင်ရောက်ကူညီ ဖြေရှင်းပေးသော
ပြည်ပနိုင်ငံများအား ဆက်သွယ်ကြ…

ပြည်တွင်းပြည်ပ ဘလော့ဂါများအား
မိတ်ဆွေစစ်အဖြစ် သတ်မှတ်လက်တွဲကြ…

မျိုးချစ်

အင်တာဗျူးများ

<a href="http://www.imeem.com/people/uC-QXqr/playlist/n2cbiqQU/interviews_music_playlist/">အင်တာဗျူးများ</a>

မြန်မာစံတော်ချိန်

C-BOX မှာ Register လုပ်ရန်

C-BOX မှာ Register လုပ်ရန်

ကျွန်တော်တို့နဲ့အတူ
ဝင်ရောက်ဆွေးနွေးလိုသူများ
သင့်အမည်ရင်း အပြည့်အစုံ နဲ့
နေထိုင်ရာ မြို့ နဲ့တိုင်းပြည်ကို ပြောပါ
သင်သုံးလိုတဲ့ user name ကို ရွေးပါ
မြန်မာလိုလဲရပါတယ်
password ကို English လို ရွေးပါ
ပြီးရင် myochitmyanmar@gmail.com ကို ပို့လိုက်ပါ
ကျွန်တော် ၂၄ နာရီအတွင်း activate လုပ်ပေးမှာပါ
registered user တွေ log in လုပ်တဲ့အခါ
သင့် user name ကို အရင်ရေးထည့်လိုက်ပါ
ပြီးမှ profile ကိုနှိပ်လိုက်ပါ
ပြီးရင် password ကိုထည့်လိုက်ပါ
ဒါပါဘဲဗျာ လွယ်ပါတယ်နော်…
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

မျိုးချစ်

Got G-Talk!

ZawGyi Converter

Visiting from another computer?

Can't read or install Zaw Gyi?

Just copy the letters you can't read
then paste them into this box

Wala!!!  :P

Enjoy!

စကားပြောခန်း

Watch DVB (Live)

DVB ရုပ်မြင်သံကြားအစီအစဉ် ကို လေလှိုင်းပေါ်မှနှင့် တစ်ပြိုင်ထဲ ကြည့်ရှုအားပေးနိုင်ကြပါပြီ
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသံဖွင့်ပြီး နားမထောင်နိုင်သူများ အတွက် အသံကို ပိတ်ထားပါတယ်
အသံပါနားဆင်ချင်သူများကတော့ Mute Button လေးကို နှိပ်ပြီး Unmute လုပ်လိုက်ယုံပါဘဲ
Full Screen နဲ့ကြည့်ချင်တဲ့သူတွေ ဒီ Screen လေးပေါ်မှာ Right Click လုပ်ပြီး Zoom ကနေ Full Screen ကိုရွေးလိုက်ပါ

Click HERE to go to direct url.

အဆင်ပြေကြမယ်လို့ထင်ပါတယ်

မျိုးချစ်

ပြန်လည်ရှာဖွေရန်

မဂ္ဂဇင်းများ

မြန်မာ့ရေးရာ သတင်းဌာနများ

အနုပညာ ကွန်ယက်များ

ဘာသာရေး စာမျက်နှာများ

ပရဟိတ အဖွဲ့အစည်းများ

နည်းပညာဆိုင်ရာများ

မိတ်ဆွေ Blogger များ

Web Dictionary

Mr. Creator ၏ ထိုးနှက်ချက်များ

ဟန်လေး ၏ ထိုးနှက်ချက်များ

မျိုးချစ်မြန်မာ ရဲ့ ဧည့်သည်ဦးရေ

ကမ္ဘာတဝှန်းမှ မိတ်ဆွေများ

ခုဘယ်သူတွေရှိနေသလဲ

သိနေတယ်လေ